​အောက်ဆီ ဂျင် အလှူလေး အတွက် ငွေကျပ်(၅) သိန်းကို ဝေဠု ကျော် ဖောင်ဒေး ရှင်းထံ လှူဒါန်းခဲ့တဲ့ ကောင်းမြတ်စံ…

ပရိသတ်ကြီးရေ ဆွဲဆောင်မှုရှိတဲ့ ပါးချိုင့်လေးနဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိထားတဲ့သူကတော့ မင်းသားချောလေး ကောင်းမြတ်စံပဲဖြစ်ပါတယ်။ ကောင်းမြတ်စံက ရုပ်သံဇာတ်လမ်းတွဲတွေထဲကနေ ပိုမိုကောင်းမွန်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပိုမိုလူသိများလာခဲ့တာ ဖြစ်ပါတယ်။ 

လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေပြီး သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင်လည်း ကြိုးစားနေတာဖြစ်ပါတယ်။ မင်းသားကောင်းမြတ်စံကတော့ လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်နေကာ လိုအပ်နေသူတွေအတွက်လည်း လှူဒါန်းမှုတွေနဲ့ တတ်နိုင်သလောက် ဖေးမကူညီနေသူလည်း ဖြစ်ပါတယ်။

ခုလို ကိုဗစ်ရောဂါတွေ ဖြစ်ပွားနေချိန်မှာလည်း အောက်ဆီဂျင် မလုံလောက်မှု ပြဿနာတွေကို ဖြေရှင်းနိုင်ရန် သူအနေနဲ့ တတ်နိုင်သလောက် အလှူငွေ ငါးသိန်းကို ဝေဠုကျော်ဖောင်ဒေးရှင်းထံ လှူဒါန်းခဲ့ပါတယ် ။ တကယ်ကို လိုအပ်နေချိန်မှာ ခုလိုလှူဒါန်းပေးတာ မွန်မြတ်လွန်းတာကြောင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Wai Lu Kyaw

– Zawgyi Fontဖြင့် ဖတ်ရန် –


သာဓု သာဓု သာဓု 🙏




Yuan – Cele Zone

Photo – Wai Lu Kyaw

celeupdatenews

celeupdatenews