
ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာ သိမ်းပိုက်ထားတဲ့ ပြည်သူ့အချစ်တော်
အနုပညာရှင်ထဲမှာ သီချင်းကောင်းလေးတွေနဲ့ ပရိသတ်ရင်ထဲကို
ရောက်ရှိခဲ့တဲ့ အဆိုတော်ချောလေး မေလသံစဉ်ကလည်း အပါအဝင်ပါပဲနော် ။
ကိုယ်ပိုင်သံစဉ်သီချင်းကောင်းလေးတွေကို ဖန်တီးတတ်တဲ့အပြင်
ပြန်ဆိုတေးလေးတွေကိုလည်း ပရိသတ်အကြိုက်တွေ့အောင် သီဆိုနိုင်ကာ
ဂီတလောကမှာ အသက်ငယ်ငယ်လေးနဲ့ အောင်မြင်နေတာ ဖြစ်ပါတယ် ။
အမြဲလိုလို ချိုသာတဲ့ အပြုံးလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင် နေတတ်သူလေးဖြစ်ပြီး
မြန်မာဆန်ဆန်ဖက်ရှင်လေးတွေ ရိုးရှင်းတဲ့ ဖက်ရှင်လေးတွေကိုသာ
ဝတ်ဆင်လေ့ရှိသူလေးပဲ ဖြစ်ပါတယ်။
မေလက အလုပ်တွေ ကြိုးစားသလို ကောင်းမှု ကုသိုလ် အလှူအတန်းတွေကိုလည်း
အမြဲ ပြုလုပ်လေ့ရှိပါတယ် ။ အခုလည်း (၇) ရက်သားသမီး ပြည်သူများအတွက်
ဘုရားမှာ ကုသိုလ် ကောင်းမှု များစွာ ပြုရင်း ဆုတောင်းခြင်းတွေ ပြုလုပ်ပေးဖြစ်ခဲ့ပုံကို
” ထိုကောင်းမှုကြောင့် မြန်မာပြည်သူပြည်သားအားလုံးစိတ်ချမ်းသာကြပါစေ ”
စာလေးနဲ့ ရေးသားဖော်ပြထားရာ ပရိသတ်ကြီး အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။
-Zawgyi Font ဖြင့်ဖတ်ရန် –
ကိုယ်ပိုင်သံစဉ်သီချင်းကောင်းလေးတွေကို ဖန်တီးတတ်တဲ့အပြင်ြ
ပန်ဆိုတေးလေးတွေကိုလည်း ပရိသတ်အကြိုက်တွေ့အောင် သီဆိုနိုင်ကာ
celeupdatenews
celeupdatenews