အိမ်နီးနားချင်း ကို အသရေဖျက်မှုဖြင့် တရားစွဲဆိုခဲ့တဲ့မင်းသားကြီး ဆယ်မန်ခမ်း

အိမ်နီးနားချင်း ကို အသရေဖျက်မှုဖြင့် တရားစွဲဆိုခဲ့တဲ့မင်းသားကြီး ဆယ်မန်ခမ်း

စူပါစတား Salman Khan ဟာ Panvel Farmhouse ရှိ သူရဲ့ အိမ်နီးချင်း ဖြစ်သူ Ketan Kakkar အားအသရေဖျက်မှုဖြင့် တရားစွဲဆိုခဲ့တာပဲဖြစ်ပါတယ်။

ဇန်နဝါရီ ၁၄ ရက်နေ့ တွင် လူမှုကွန်ယက် စာမျက်နှာပေါ် Salman Khan ရဲ့ အသရေဖျက်ထားတဲ့ ရိုင်းစိုင်းသောအကြောင်းအရာအားလုံးကို

ဖယ်ရှား ရန်တောင်းဆိုခဲ့ပါတယ်။ Ketan Kakkar ဟာ Malad Mumbai တွင်နေထိုင်သူဖြစ်ပြီး Panel ရှိ Salman Khan ရဲ့ လယ်ယာအိမ်အနီးရှိမြေများကိုပိုင်ဆိုင်ထားသည်ဟု သတင်းတွေမှာဖော်ပြထားပါတယ် ။

Salman ရဲ့ ရှေ့နေအဆိုအရ သူရဲ့ အိမ်နီးချင်းဖြစ်သူ Ketan ဟာ Youtuber နဲ့ အင်တာဗျူးတွင် Salman Khan ကိုအသရေဖျက်ခဲ့တာပဲဖြစ်ပါတယ်။

Google Youtube Twitter Facebook စတဲ့ လူမှုမီဒီယာ တွင်လည်း အဖွဲ့များဖွဲကာ အသရေဖျက်တဲ့စာတွေကိုတင်ထားတာပဲဖြစ်ပါတယ်။

India Today ရဲ့ အဆိုအရ Salman Khan ရဲ့ ရှေ့နေအဖွဲကတော့ အသရေဖျက်စာများ ကို တိုက်ရိုက်(သို့မဟုတ်) သွယ်ဝိုက်၍တင်ခြင်း

uplode ပြန်လုပ်ခြင်း Tweet ပြန်တင်ခြင်း အသေ ရဖျက်သောအခြားသေအကြောင်းအရာများကိုပါ ဖယ်ရှားရန်တောင်းဆိုခဲ့ပါတယ်။

Ketan Kakkar ရဲ့ ရှေ့နေအဖွဲ့ကလည်း အဆိုပါတားမြစ်ချက်ကိုကန့်ကွက်ပြီး ၎င်းတို့ဘက်မှာ တင်ပြရန်အချိန်တစ်ခုကိုပေးဖို့ တရားရုံးကိုတောင်းဆိုထားပါတယ် ။

တရားရုံးသည် Ketan ရဲ့ ‌ရှေ့ နေ တွေကိုအချိန်ပေးထားပြီး ဇန်နဝါရီ ၂၁ ရက်အထိ အမှုကိုရွှေ့ ဆိုင်းထားပါတယ်။

Credit

Zawgyi









