အနုပညာလောကမှာ နာမည်တစ်လုံးရရှိတဲ့အထိ အောင်မြင်မှုတွေကို
သိမ်းပိုက်ထားနိုင်ခဲ့တဲ့ ဝေဠုကျော်ကတော့ ပရဟိတအလုပ်တွေကို
လုပ်ကိုင်နေသူဖြစ်ပါတယ်။ ဒီလိုကာလမှာဆိုရင်လည်း ပိုလို့တောင်
အကူအညီလိုအပ်နေသူတွေ အများအပြားရှိနေတာမို့ ဝေဠုကျော်ဖောင်ဒေးရှင်းကလည်း
လက်လှမ်းမှီသလောက် လိုက်လံကူညီပေးခဲ့တာလည်းဖြစ်ပါတယ်။
ဒါ့အပြင် အခြားသော ပရဟိတ လုပ်ငန်းတွေကိုလည်း ကိုယ်တိုင်
မမေမပန်းနိုင်အောင် နေ့ရက်တိုင်း လိုက်လံ ကူညီဆောင်ရွက်ပေးနေတာ
လေးစားစရာပါပဲ ။ ဒီရက်ပိုင်းတွေမှာ ဆိုရင်လည်း တောင်တန်းဒေသက
တိုင်းရင်းသား ပြည်သူတွေ အတွက် အနွေးထည်များ ဆက်တိုက်
လှူဒါန်းပေးနေတာကိုလည်း တွေ့ရပါတယ် ။
အခုလည်း အလှူရှင်တွေ ကိုယ်စား ချမ်းအေးတဲ့ ဒေသတွေကို
အတွေးထည်များ နောက်ထပ် ပို့ဆောင်ပေးရန် ကိုယ်တိုင် ပြင်ဆင်နေတဲ့
ပုံတွေနဲ့ အတူ ” 20-1-2022 အလှူရှင်များကိုယ်စား ချမ်းအေးလှတယ့်
ဆောင်းမှာ တောင်ပေါ်ချင်းတိုင်းရင်းသားများ နွေးထွေးစေရန်အတွက်
ချင်းပြည်နယ်၊ ဟားခါးမြို့ရှိရွာများသို့ အနွေးထည်၊အဝတ်အထည်
အထုပ် ၁၅ထုပ်ကို ပေးပို့ လှူဒါန်းပေးလိုက်ပါတယ်။ အလှူရှင်မှာ
မဥမ္မာလင်း၊အမေရိကန်နိူင်ငံ မှ အလှူရှင်များကိုယ်စား တဆင့် ပေးပို့
လှူဒါန်းခြင်း ဖြစ်ပါတယ်။ ” ဆိုတဲ့ စာလေးကို ရေးသားဖော်ပြထားရာ
ပရိသတ်ကြီး အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။
Zawgyi
အကူအညီလိုအပ်နေသူတွေ အများအပြားရှိနေတာမို့ ဝေဠုကျော်ေ
ဖာင်ဒေးရှင်းကလည်း လက်လှမ်းမှီသလောက် လိုက်လံကူညီပေးခဲ့တာလည်းဖြစ်ပါတယ်။
celeupdatenews
celeupdatenews