
အနုပညာကြေး အများဆုံးနဲ့ဝင်ငွေအကောင်းဆုံး ဘောလိဝုဒ်မင်းသား (၄)ဦး ကဘယ်သူတွေဖြစ်မလဲ
ဘောလိဝုဒ် ကားတော် တော်များများ ဟာဆိုရင်ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်း နဲ့ ပရိတ်သတ်စိတ်ဝင်စားအောင်ရိုက်ကူးနိုင်ပါတယ်။
ဘောလိဝုဒ်သရုပ်ဆောင်တွေဟာဆိုရင်လည်း ကျရာဇာတ်ရုတ်ကိုပီပြင်အောင် အသေးစိတ်ပုံဖော် ပြီးရိုက်ကူးကြတာပဲဖြစ်ပါတယ်။
ဘောလိဝုဒ်ကားတွေကြည့်ရတာကိုနှစ်သက်ကြတဲ့မြန်မာပရိတ်သတ်တွေလည်းရှိကြမှာပါ။
ဘောလိဝုဒ်မင်းသားတွေထဲမှာ ဘယ်သူကိုသဘောကျပါသလဲ။ သင်သဘောကျတဲ့၊ အားပေးတဲ့ မင်းသားရော ဒီစာရင်းထဲပါမပါတစ်ချက်လောက်ကြည့်လိုက်ပါဦးနော်။
Akshay Kumar
ဘောလိဝုဒ်ရဲ့စူပါစတားတစ်ဦးဖြစ်တဲ့ အရှေးကတော့ အခုအချိန်မှာထိပ်ဆုံးစာရင်းမှာရှိနေပါတယ်။ သူက တစ်နှစ်တစ်ကားလောက်ကို
ပုံမှန်ထွက်ရှိနေတဲ့ မင်းသားတစ်ဦးဖြစ်ပြီး တစ်ခါတလေမှာ တစ်နှစ်ကို ရုပ်ရှင်နှစ်ကားလောက်လည်းထွက်ရှိနေတဲ့သူဖြစ်ပါတယ်။ ဒါကြောင့် ဝင်ငွေအများဆုံးဖြစ်နေတာ အံ့ဩစရာတော့မရှိပါဘူး။ သူ့ရဲ့အနုပညာကြေးက ၂၀၂၀ခုနှစ်မှာ
ရူပီး ၇၀မှ ၈၀ ကုဋေကြားရှိပေမဲ့ ၂၀၂၁ခုနှစ်မှာတော့ အနုပညာကြေးတွေတိုးမြှင့်ရရှိခဲ့ပါတယ်။ မကြာသေးမီက သူ့ရဲ့အနုပညာကြေး ကုဋေ ၈၀ကနေ ၁၂၀ အထိ တက်သွားခဲ့ပါတယ်။
Salman Khan
ဘောလိဝုဒ်ရဲ့နာမည်ကျော် မင်းသားလူပျိုကြီးကတော့ Biwi ho to Aisi ဆိုတဲ့ဇာတ်ကားမှာစတင်သရုပ်ဆောင်ခဲ့တာပါ။ သူ့ရဲ့အနုပညာကြေးကတော့
ရူပီး ကုဋေ ၁၀၀ ဖြစ်ပါတယ်။ သူက Being Human ဆိုတဲ့ NGO ကိုလည်ပတ်နေပြီး သူ့ရဲ့ဝင်ငွေအများအပြားကို လှူဒါန်းနေသူဖြစ်ပါတယ်။
Shah Rukh Khan
ရှာရွခ်ခန်းကတော့ အနုပညာကြေး ၈၅ ကုဋေရရှိပါတယ်။ သူ့ကို King Khan လို့လူသိများပါတယ်။ သူ့ရဲ့ပထမဆုံးရုပ်ရှင်က Deewana ဖြစ်ပါတယ်။ သူက
သရုပ်ဆောင်အလုပ်မလုပ်ခင်မှာ တီဗီစီးရီးအနည်းငယ်မှာ ပါဝင်လုပ်ကိုင်ခဲ့ပါသေးတယ်။ လက်ရှိမှာတော့ သူက ဘောလိဝုဒ်မှာ ဩဇာကြီးမားတဲ့
သရုပ်ဆောင်တစ်ဦးအဖြစ်တည်ရှိနေပါတယ်။ အိန္ဒိယမှာသာမက ပြည်ပနိုင်ငံတွေမှာပါ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားသူဖြစ်ပါတယ်။
Aamir Khan
အမိရ်ကလည်း ဘောလိဝုဒ်နယ် ပယ်မှာ ဩဇာကြီးမားသူတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့အနုပညာကြေးက ကုဋေ ၇၅ ကနေ ၈၅အထိ ရရှိပါတယ်။
ဒါပေမဲ့သူက ရရှိတဲ့ငွေပမာဏအားလုံးကို တစ်ယောက်ထဲမယူဘဲ မျှဝေပြီ းယူတတ်သူအဖြစ် ကျော်ကြားတဲ့ မင်းသားတစ်ယောက်ဖြစ်ပါတယ် ။
Credit
Zawgyi
အႏုပညာေၾကး အမ်ားဆုံးနဲ႔ဝင္ေငြအေကာင္းဆုံး ေဘာလိဝုဒ္မင္းသား (၄)ဦး ကဘယ္သူေတြျဖစ္မလဲ
ေဘာလိဝုဒ္ ကားေတာ္ ေတာ္မ်ားမ်ား ဟာဆိုရင္ဇာတ္လမ္းဇာတ္အိမ္ေကာင္းေကာင္း နဲ႔ ပရိတ္သတ္စိတ္ဝင္စားေအာင္႐ိုက္ကူးႏိုင္ပါတယ္။
ေဘာလိဝုဒ္သ႐ုပ္ေဆာင္ေတြဟာဆိုရင္လည္း က်ရာဇာတ္႐ုတ္ကိုပီျပင္ေအာင္ အေသးစိတ္ပုံေဖာ္ ၿပီး႐ိုက္ကူးၾကတာပဲျဖစ္ပါတယ္။
ေဘာလိဝုဒ္ကားေတြၾကည့္ရတာကိုႏွစ္သက္ၾကတဲ့ျမန္မာပရိတ္သတ္ေတြလည္းရွိၾကမွာပါ။
ေဘာလိဝုဒ္မင္းသားေတြထဲမွာ ဘယ္သူကိုသေဘာက်ပါသလဲ။ သင္သေဘာက်တဲ့၊ အားေပးတဲ့ မင္းသားေရာ ဒီစာရင္းထဲပါမပါတစ္ခ်က္ေလာက္ၾကည့္လိုက္ပါဦးေနာ္။
Akshay Kumar
ေဘာလိဝုဒ္ရဲ႕စူပါစတားတစ္ဦးျဖစ္တဲ့ အေရွးကေတာ့ အခုအခ်ိန္မွာထိပ္ဆုံးစာရင္းမွာရွိေနပါတယ္။ သူက တစ္ႏွစ္တစ္ကားေလာက္ကို
ပုံမွန္ထြက္ရွိေနတဲ့ မင္းသားတစ္ဦးျဖစ္ၿပီး တစ္ခါတေလမွာ တစ္ႏွစ္ကို ႐ုပ္ရွင္ႏွစ္ကားေလာက္လည္းထြက္ရွိေနတဲ့သူျဖစ္ပါတယ္။ ဒါေၾကာင့္ ဝင္ေငြအမ်ားဆုံးျဖစ္ေနတာ အံ့ဩစရာေတာ့မရွိပါဘူး။ သူ႔ရဲ႕အႏုပညာေၾကးက ၂၀၂၀ခုႏွစ္မွာ
႐ူပီး ၇၀မွ ၈၀ ကုေဋၾကားရွိေပမဲ့ ၂၀၂၁ခုႏွစ္မွာေတာ့ အႏုပညာေၾကးေတြတိုးျမႇင့္ရရွိခဲ့ပါတယ္။ မၾကာေသးမီက သူ႔ရဲ႕အႏုပညာေၾကး ကုေဋ ၈၀ကေန ၁၂၀ အထိ တက္သြားခဲ့ပါတယ္။
Salman Khan
ေဘာလိဝုဒ္ရဲ႕နာမည္ေက်ာ္ မင္းသားလူပ်ိဳႀကီးကေတာ့ Biwi ho to Aisi ဆိုတဲ့ဇာတ္ကားမွာစတင္သ႐ုပ္ေဆာင္ခဲ့တာပါ။ သူ႔ရဲ႕အႏုပညာေၾကးကေတာ့
႐ူပီး ကုေဋ ၁၀၀ ျဖစ္ပါတယ္။ သူက Being Human ဆိုတဲ့ NGO ကိုလည္ပတ္ေနၿပီး သူ႔ရဲ႕ဝင္ေငြအမ်ားအျပားကို လႉဒါန္းေနသူျဖစ္ပါတယ္။
Shah Rukh Khan
ရွာ႐ြခ္ခန္းကေတာ့ အႏုပညာေၾကး ၈၅ ကုေဋရရွိပါတယ္။ သူ႔ကို King Khan လို႔လူသိမ်ားပါတယ္။ သူ႔ရဲ႕ပထမဆုံး႐ုပ္ရွင္က Deewana ျဖစ္ပါတယ္။ သူက
သ႐ုပ္ေဆာင္အလုပ္မလုပ္ခင္မွာ တီဗီစီးရီးအနည္းငယ္မွာ ပါဝင္လုပ္ကိုင္ခဲ့ပါေသးတယ္။ လက္ရွိမွာေတာ့ သူက ေဘာလိဝုဒ္မွာ ဩဇာႀကီးမားတဲ့
သ႐ုပ္ေဆာင္တစ္ဦးအျဖစ္တည္ရွိေနပါတယ္။ အိႏၵိယမွာသာမက ျပည္ပႏိုင္ငံေတြမွာပါ ပရိသတ္အားေပးမႈအခိုင္အမာရရွိထားသူျဖစ္ပါတယ္။
Aamir Khan
အမိရ္ကလည္း ေဘာလိဝုဒ္နယ္ ပယ္မွာ ဩဇာႀကီးမားသူတစ္ေယာက္ျဖစ္ပါတယ္။ သူ႔ရဲ႕အႏုပညာေၾကးက ကုေဋ ၇၅ ကေန ၈၅အထိ ရရွိပါတယ္။
ဒါေပမဲ့သူက ရရွိတဲ့ေငြပမာဏအားလုံးကို တစ္ေယာက္ထဲမယူဘဲ မွ်ေဝၿပီ းယူတတ္သူအျဖစ္ ေက်ာ္ၾကားတဲ့ မင္းသားတစ္ေယာက္ျဖစ္ပါတယ္ ။