
ခိုင္ႏွင္းေဝကေတာ့ ခက္ခဲေနတဲ့ျပည္သူေတြကို ေန႔တိုင္း ပံ့ပိုးကူညီေပးေနၿပီး
စားေသာက္ ကုန္ေတြကိုလည္း ရက္ရက္ေရာေရာ လႉဒါန္းေပးေနတာျဖစ္ပါတယ္။
ဒါ့အျပင္ သူမရဲ့ သားသမီးေလးေတြကိုလည္း အလုပ္ေတြ မအားလပ္တဲ့
ၾကားကေနမွ အခ်ိန္ေပးကာ မိခင္ရင္းသဖြယ္ ၾကင္နာေစာင့္ေရွာက္မႈေတြကို
လုပ္ေပးတတ္ပါေသးတယ္ ။
ဒါ့အျပင္ ေဆးကုသဖို႔ အခက္အခဲ ျဖစ္ေနတဲ့ သူေတြအတြက္ လိုအပ္တဲ့
ေငြေၾကးေထာက္ပံ့လႉဒါန္းေပးတာေတြလည္း ေတြ႕ျမင္ရပါတယ္။
ေကာင္းမႈ တစ္ခု ေန႔စဥ္ ျပဳလုပ္လ်က္ရွိတဲ့ ခိုင္ႏွင္းေဝက အခုလည္း
မသန္စြမ္းကေလးငယ္ေလး တစ္ဦးကို ေျခတုေလး လႉဒါန္းေပးခဲ့ျပန္ပါတယ္ ။
သူမလႉဒါန္းေပးလိုက္တဲ့ ေျခတုေလးေၾကာင့္ အဆင္ေျပစြာ သြားလာနိုင္တဲ့
သားေလးကို ၾကည့္ၿပီး ပီတိျဖစ္ေနေၾကာင္းကို ဗီဒီယိုေလးနဲ႔ တကြ
” ပီတိေလးထဲက တစ္ခုပါရွင္..လူႀကီးလူငယ္ အျဖဴ အမဲ မခြဲပဲ ေျခတုမ်ား
တတ္နိုင္သေလာက္ တပ္ဆင္ေပးေနပါတယ္..ေလ့က်င့္ေနတဲ့သူ မ်ား၊
တပ္ဆင္ၿပီးသြားတဲ့ သူမ်ား ရဲ့ အဆင္ေၿပ ေပ်ာ္ရႊင္သြားတဲ့ မွတ္တမ္းေလးမ်ားကို
အားလုံးပဲ ပီတိပြားမ်ား သာဓုေခၚဆိုနိုင္ရန္ မၽွေဝတင္ေပးျဖစ္ပါတယ္ရွင္…..”
ဆိုၿပီး ေရးသားေဖာ္ျပထားရာ ပရိသတ္ႀကီး အတြက္ ျပန္လည္ေဝမၽွေပး လိုက္ပါတယ္ ။
Zawgyi
ခိုင်နှင်းဝေကတော့ ခက်ခဲနေတဲ့ပြည်သူတွေကို နေ့တိုင်း ပံ့ပိုးကူညီပေးနေပြီး
စားသောက် ကုန်တွေကိုလည်း ရက်ရက်ရောရော လှူဒါန်းပေးနေတာဖြစ်ပါတယ်။
ဒါ့အပြင် သူမရဲ့ သားသမီးလေးတွေကိုလည်း အလုပ်တွေ မအားလပ်တဲ့
ကြားကနေမှ အချိန်ပေးကာ မိခင်ရင်းသဖွယ် ကြင်နာစောင့်ရှောက်မှုတွေကို
လုပ်ပေးတတ်ပါသေးတယ် ။
ဒါ့အပြင် ဆေးကုသဖို့ အခက်အခဲ ဖြစ်နေတဲ့ သူတွေအတွက် လိုအပ်တဲ့
ငွေကြေးထောက်ပံ့လှူဒါန်းပေးတာတွေလည်း တွေ့မြင်ရပါတယ်။
ကောင်းမှု တစ်ခု နေ့စဉ် ပြုလုပ်လျက်ရှိတဲ့ ခိုင်နှင်းဝေက အခုလည်း
မသန်စွမ်းကလေးငယ်လေး တစ်ဦးကို ခြေတုလေး လှူဒါန်းပေးခဲ့ပြန်ပါတယ် ။
သူမလှူဒါန်းပေးလိုက်တဲ့ ခြေတုလေးကြောင့် အဆင်ပြေစွာ သွားလာနိုင်တဲ့
သားလေးကို ကြည့်ပြီး ပီတိဖြစ်နေကြောင်းကို ဗီဒီယိုလေးနဲ့ တကွ
” ပီတိလေးထဲက တစ်ခုပါရှင်..လူကြီးလူငယ် အဖြူ အမဲ မခွဲပဲ ခြေတုများ
တတ်နိုင်သလောက် တပ်ဆင်ပေးနေပါတယ်..လေ့ကျင့်နေတဲ့သူ များ၊
တပ်ဆင်ပြီးသွားတဲ့ သူများ ရဲ့ အဆင်ပြေ ပျော်ရွှင်သွားတဲ့ မှတ်တမ်းလေးများကို
အားလုံးပဲ ပီတိပွားများ သာဓုခေါ်ဆိုနိုင်ရန် မျှဝေတင်ပေးဖြစ်ပါတယ်ရှင်…..”
ဆိုပြီး ရေးသားဖော်ပြထားရာ ပရိသတ်ကြီး အတွက် ပြန်လည်ဝေမျှပေး လိုက်ပါတယ် ။
celeupdatenews
celeupdatenews