သူမရဲ့ မကျွမ်းကျင်မှု တွေကြောင့် Asian Boss အစီအစဉ်မှာဖြေကြားခဲ့တဲ့ အင်တာ ဗျူးမှာ ဖြေကြားခဲ့ တာတွေ နဲ့ပက်သတ်ပြီး ပြည်သူတွေကိုတောင်းပန်ခဲ့တဲ့ ဟန်နာယူရီ

သက်ရှိအရုပ်မလေးလို့ တင်စားရမယ့် ဟန်နာယူရီဟာ လက်ရှိမှာတော့

တောင်ကိုရီးယားနိုင်ငံမှာနေထိုင်ရင်း မြန်မာပြည်သူတွေရဲ့ နိုင်ငံရေးလှု

ပ်ရှားမှုတွေအကြောင်း ကမ္ဘာကသိအောင် ချပြနေတာပဲဖြစ်ပါတယ်

။ ဒီတစ်ခါမှာတော့ ဟန်နာယူရီက Asian Boss အစီအစဉ်မှ

ာဖြေကြားခဲ့တဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့တာတွေနဲ့ပက်သတ်ပြီ

း ပြည်သူတွေကိုတောင်းပန်ခဲ့တာကို တွေ့ရပါတယ်။“မင်္ဂလာပ

ါရှင်။ ချစ်ရသော မြန်မာပြည်သူပြည်သားများနှင့် လေးစားရပါ

သော တော်လှန်ရေးရဲဘော်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူမျ

ားနှင့် ပြည်သူ့တော်လှန်ရေး အစိုးရအဖွဲ့ဝင်များရှင်။ ကျွန်မက

တော့ ဟန်နာယူရီပါ။ လက်ရှိ တောင်ကိုရီးယားနိုင်ငံမှာ ရောက်

ရှိနေပါတယ်။ ကျွန်မအနေနဲ့ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း

Asian Boss နှင့် ပြုလုပ်သော အင်တာဗျူးနှင့်ပတ်သက်ပြီ

း စိတ်အနှောက်အယှက်ဖြစ်သွားရသော၊ ညီအကိုမောင်နှမမျ

ား၊ တော်လှန်ရေးရဲဘော်များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ

များ တစ်ဦးတစ်ယောက်ချင်းစီကို အလေးအနက် တောင်းပန်

စကား ဆိုလိုသောကြောင့်ဒီတောင်းပန်စာကို ရေးလိုက်ရခြင်းဖြ

စ်ပါတယ်။ အဆိုပါ ပြုလုပ်ခဲ့သော အင်တာဗျူးအတွင်းမှာ ကျွ

န်မက နိုင်ငံရေးလေ့လာမှုဗဟုသုတအားနည်းခြင်း၊ ကျွန်မက

တိုင်းရင်းသူတစ်ယောက်အနေနဲ့ စကားအပြောအဆိုမကျွမ်းကျ

င်သောကြောင့်လည်းကောင်း၊ ကျွန်မရဲ့ အင်္ဂလိပ်စာ အားနည်း

မှုကြောင့်သော်လည်းကောင်း၊ မှားယွင်းသော သတင်းအချက်

အလက်များကို ဖြေကြားပေးပို့သလို ဖြစ်ခဲ့သဖြင့် တောင်းပ

န်ပါတယ်ရှင်။”ကျွန်မက နိုင်ငံရေးသမားတစ်ယောက် မဟုတ်

ည်တွင်းက တိုင်းရင်းသားသွေးချင်းညီအကိုတွေ ခံစားနေရတဲ့

မတရားဖိနှိပ်ခံရမှုတွေ၊ ဒုက္ခရောက်နေတဲ့ ပြည်သူလူထုတွေရဲ့

အခက်အခဲတွေကို နိုင်ငံတကာက အခြားသောသူတွေသိရှိစေ

ရန် အသိပေးပြောပြလိုတာ ဖြစ်ပေမယ့် ကျွန်မရဲ့ ဗဟုသုတ

အားနည်းချက်တွေကြောင့် မှားယွင်းလွဲချော်မှုတွေ ဖြစ်သွားရ

ခြင်းက ကျွန်မရဲ့ တိုင်းပြည်ကိုချစ်တဲ့စိတ်နဲ့ မှားတဲ့အမှားလို့

နားလည်ပေးပါရန် မေတ္တာရပ်ခံပါတယ်ရှင်။ရှေးဦးစွာ တိုင်

းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် စစ်ဘေးဒုက္ခသ

ည်များကို မိမိတို့ ဒေသအတွင်းမှာ လက်ခံထားရှိကူညီပေး

နေသော ဒေသခံပြည်သူများကို ကျွန်မက မြေပြင်အနေအထ

ားအား မှားယွင်းစွာ ဖြေကြားမိတဲ့ကိစ္စရပ်များအတွက် တေ

ာင်းပန်လိုပါတယ်။ မြေပြင်က တော်လှန်ရေးစစ်သည်တွေ

အပေါ်မှာ ကျွန်မအနေဖြင့် လေးစားမှု၊ တန်ဖိုးထားမှု

အပြည့်ရှိပါတယ်။ မိမိရဲ့ အသက်နဲ့ ပိုင်ဆိုင်မှုအားလုံးကို

ရင်းနှီးပြီး တိုက်ပွဲဝင်နေရတဲ့ တော်လှန်ရေးရဲဘော်များအနေဖြင့်

လည်း အောင်မြင်မှုများကိုသာ စွပ်ခူးနိုင်ဖို့ ကျွန်မအနေနဲ့ တ

စ်ပါးတည်း ဆုတောင်းမေတ္တာ ပို့အပ်ပါတယ်ရှင်။ ”“ထို့အတူ

မြန်မာပြည်တွင်းရှိ စစ်ရှောင်နေရသော စစ်ဘေးဒုက္ခသည်မျ

ားအား လူမှုရေးအထောက်အပံ့အကူအညီများ ပေးနေသည့်

အဖွဲ့အစည်းဖြစ်သော Free Burma Ranger အဖွဲ့အားလည်

း လက်နက်ကိုင်တပ်ဖွဲ့ ပုံသဏ္ဍန်ဖြစ်အောင် မှားယွင်းပြေ

ာဆိုမိခဲ့တဲ့ အတွက်လည်း Free Burma Ranger မှာ

တာဝန်ရှိပုဂ္ဂိုလ်များကို အလေးအနက်တောင်းပန်လိုပါတယ်

ရှင်။ ဆက်လက်ပြီး Click to donate အား အင်တာဗျူ

းအထဲမှာ ကျွန်မ ဖော်ပြခဲ့သည်မှာလည်း ကျွန်မအနေနဲ့

ကျွန်မရဲ့ Social media များတွင် Click to donate

post များကို ပုံမှန် ဝေမျှခဲ့ပါတယ်။ Asian boss နှင့်

အင်တာဗျူးတွင်လည်း လူမှုထောက်ပံ့ရေးအတွက် အလှူ

ငွေဘယ်လိုရသလဲ မေးတဲ့အခါ Click to donate ကို

ပိုပြီးထောက်ပံ့ချင်တဲ့အတွက်ဖြေလိုက်မိခြင်းဖြစ်ပါတယ်။

နောက်ဆက်တွဲဖြစ်လာနိုင် အကျိုးရလာဒ်များကို ကျွန်မ

မသိရှိခဲ့တဲ့အတွက် စိတ်အနှောက်အယှက်ဖြစ်ရသူများကို

အနူးအညွန့်တောင်းပန်ပါတယ်ရှင်။ ”High School kids

နှင့် NUG မှ Civil War ကြေညာသည်ဟုဖြေဆိုမိတာကလဲ

ကျွန်မရဲ့ အင်္ဂလိပ်စာ အားနည်းချက်ကြောင့်ဖြစ်ပါတယ်ရှင်။

ကျွန်မအနေနဲ့ ငယ်ရွယ်သော High School kids ဆိုသည်

မှာလူငယ်များကိုရည်ညွှန်းချင်ပေမယ့်လည်း ကျွန်မရဲ့ အပြေ

ာအဆိုမှားယွင်းမှုက မှားယွင်းတဲ့ အကြောင်းအရာများနဲ့

ဆက်စပ်မိသွားတဲ့အခါ တော်လှန်ရေးအား ထိခိုက်စော်ကား

သလိုဖြစ်ရပါတယ်။ ထို့အတူ NUG အစိုးရရဲ့ ခုခံစစ်

(Defence War) ဆိုသည့် အသုံးအနှုန်းအစား ပြည်တွင်းစစ်

(Civil war) ဟု မှားယွင်းစွာ ပြောခဲ့မိတဲ့အတွက်လည်

း အမျိုးသားညီညွတ်ရေး အစိုးရမှ တာဝန်ရှိသူ အယေ

ာက်စီတိုင်းကို ကျွန်မအနေနဲ့ တောင်းပန်ပါတယ်ရှင်။

တစ်ဆက်တည်းအနေနဲ့ ကျွန်မ ပြောချင်တာကတော့ ကျွန်

မဟာ မြန်မာနိုင်ငံသားတစ်ဦး ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို

ချစ်ခင်မြတ်နိုးပြီး မြန်မာပြည်မှာရှိစဉ်ကတည်းကနေ ယ

ခုအချိန်အထိ ပြည်သူများကို မိမိစွမ်းအားရှိသလောက် ကူ

ညီလှူဒါန်းနေသူဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေ အတွက်

စစ်မှန်တဲ့ တရားမျှတမှုအမြန်ဆုံး ရရှိဖို့က ကျွန်မရဲ့ စိတ်

ဆန္ဒ အစစ်အမှန်ဖြစ်ပါတယ်။ ဒီ့အတွက်ကြောင့်လည်း ယခု

မြန်မာနိုင်ငံရေးနဲ့ ပက်သက်ပြီး ကျွန်မအနေနဲ့ ကိုယ်ကျိုးအ

တွက် အမြတ်ထုတ်ယူလိုစိတ် လုံးဝမရှိရပါကြောင်း ကျွန်မ

ပြောကြားလိုပါတယ်။”နောက်ဆုံးအနေနဲ့ ကျွန်မကြောင့် စိတ်

အနှောက်အယှက် ဖြစ်ခဲ့ ရတဲ့ မြန်မာပြည်သူလူထုများ၊ တော်

လှန်ရေးရဲဘော်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ အမျိုးသား

ညီညွတ်ရေးအစိုးရအဖွဲ့ဝင်များ အယောက်စီတိုင်း ကို တောင်

းပန်အပ်ပါတယ်။ထို့အတူ ကျွန်မရဲ့ လိုအပ်ချက်တွေကို ဖြည့်

စွက်နားလည်ပေးကြတဲ့ လူတစ်ဦးတစ်ယောက်စီကိုလည်း ကျေ

းဇူးတင်ပါတယ်ရှင်။မြန်မာနိုင်ငံသား အားလုံး တော်လှန်ရေးခ

ရီးမှ အောင်ပန်း ဆင်နိုင်မည့် နေ့ အထိ ဆုံးခန်းတိုင် ကော

င်းမွန်စွာ ခရီးဆက်ကြနိုင်ဖို့ ဆုတောင်းမေတ္တာပို့သလိုက်ပါ

တယ်ရှင်🙏🏻။ ” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။celeupdatenews

celeupdatenews