လူဝတ္လည္းၿပီးၿပီးခ်င္းမွာပဲ ႐ုပ္ဖ်က္ၿပီး ျပည္သူေတြအတြက္ ေဆးေတြလိုက္ဝယ္ေပးေနတာေၾကာင့္ တစ္ခ်ိဳ႕လူေတြရဲ႕အထင္လြဲျခင္းခံခဲ့ရတဲ့ သိဂႌထြန္း

ပရိတ္သတ္ႀကီးေရ…သ႐ုပ္ေဆာင္ မင္းသမီးႀကီး သိဂႌထြန္းကေတာ့ ျပင္ဦးလြင္ၿမိဳ႕တြင္ လြန္ခဲ့တဲ့ တစ္လေလာက္က သာသနာ့ေဘာင္သို႔ ဝင္ေရာက္ သြားခဲ့တာ ျဖစ္ပါတယ္။ လက္ရွိျဖစ္ေနတဲ့ ကိုဗစ္ေရာဂါခံစားေနရသူမ်ားကို မၾကည့္ရက္တဲ့အတြက္ တတ္ႏိုင္သေလာက္ ကူညီေပးေနတာ ျဖစ္ပါတယ္။ရွားေစာင္းလက္ပတ္ပင္၊ ရွင္သီဝရိဂမုန္းပင္၊နဂါးဆက္ပင္ေတြဟာေအာက္ဆီဂ်င္ရတဲ့ဆိုတဲ့အတြက္ သူမရဲ႕အိမ္အေနာက္မွာ စိုက္ထားတဲ့ အပင္ေတြကို မ်ိဳးပြားဖို႔ သီလရွင္ဝတ္ႀကီးနဲ႔လုပ္ေနတာကို မသင့္ေတာ္ေၾကာင္း ေျပာၾကတဲ့အတြက္ လူဝတ္လဲခဲ့ရတာ ျဖစ္ပါတယ္။

ခ်က္ခ်င္း စီစဥ္လိုက္ရတာေၾကာင့္ သိကၡာမခ်လိုက္ရပဲ လူဝတ္လဲၿပီး ျပင္ဦးလြင္မွာရွိတဲ့ ဆိုင္ႀကီးဆိုင္ ငယ္ေတြကို ႐ုပ္ဖ်က္ၿပီး ေဈးဝယ္ေပးခဲ့ရပုံေတြကို မၾကာေသးခင္ နာရီပိုင္းေလာက္က သိဂႌထြန္းရဲ႕ လူမႈကြန္ယက္မွာ အခုလို ေရးသားထားတာ ျဖစ္ပါတယ္။သိဂႌထြန္းကေတာ့ ရန္ကုန္မွာ ေလာဘသားေတြေၾကာင့္ ေဈးႀကီးၿပီး ဝယ္မရတာေတြကို တစ္ဆိုင္ဝင္ တစ္ဆိုင္ထြက္ေဆးနဲ႔ အာဟာရျဖည့္စြက္စာေတြ ျပင္ဦးလြင္တြင္ လိုက္ဝယ္ေပးေနတာ ျဖစ္ပါတယ္။ လက္ထဲမွာ ေငြသားျပတ္တဲ့အထိ ကိုယ္တိုင္ဝယ္ယူၿပီး ကုသိုလ္ျပဳရတဲ့အတြက္ ပီတိျဖစ္ေနေၾကာင္းကိုလည္း ေရးသားထားပါတယ္။ ႐ုပ္ဖ်က္ၿပီး ေဆးေတြအမ်ားႀကီး လိုက္ဝယ္ေနတာေၾကာင့္ ျပန္ေရာင္းစားမယ့္သူလို႔အထင္ခံခဲ့ရတာေတြကိုလည္းအမွတ္တရအေနနဲ႔ ေျပာျပထား ပါေသးတယ္။

ျပင္ဦးလြင္နဲ႔ ရန္ကုန္တြင္ သူမကူညီေပးခဲ့တဲ့ လူနာေတြအကုန္လုံး သက္သာလာတဲ့အတြက္လည္း ဝမ္းသာၾကည္ႏူးေနတာပါ။ေအာက္ဆီဂ်င္စက္၊ေအာက္ဆီဂ်င္အိုးနဲ႔ အရည္မ်ားကိုလည္း လႉဒါန္းႏိုင္ခဲ့ၿပီး ေနာက္ထပ္ေငြသားမ်ား လက္ထဲရလာပါ ထပ္မံလႉဒါန္းသြားမယ့္အေၾကာင္းကိုလည္း ဝမ္းသာစြာျဖင့္ ေရးသားထားတာ ျဖစ္ပါတယ္။ လႉတန္းမႈမ်ားအား(၃၁) ဘုံ လူနတ္ျဗဟၼာသတၱဝါအားလုံး ကုသိုလ္ရၾကၿပီး ၂၇.၇.၂၀၂၁ ည (၁၂:၃၀) မိနစ္တြင္ ေအာက္ဆီဂ်င္အခက္အခဲမရွိဘဲ ညင္သာစြာ ဆုံးပါးသြားတဲ့သူမရဲ႕ ဘဘလည္း ေကာင္းမြန္ရာ ဘုံဘဝသို႔ ေရာက္ရွိပါေစလို႔ေရးသားေဝမွ်ထားတာ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ သိဂႌထြန္းတစ္ေယာက္ လိုအပ္ေနသူမ်ားကို ဒီ့ထက္မက ပိုမိုလႉဒါန္းႏိုင္ပါေစလို႔ ဆုေတာင္းေပးရင္း ဒီသတင္းကို တင္ဆက္ေပးလိုက္ ရပါတယ္။

Credit ; MMLoad

ပရိတ်သတ်ကြီးရေ…သရုပ်ဆောင် မင်းသမီးကြီး သိင်္ဂီထွန်းကတော့ ပြင်ဦးလွင်မြို့တွင် လွန်ခဲ့တဲ့ တစ်လလောက်က သာသနာ့ဘောင်သို့ ဝင်ရောက် သွားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိဖြစ်နေတဲ့ ကိုဗစ်ရောဂါခံစားနေရသူများကို မကြည့်ရက်တဲ့အတွက် တတ်နိုင်သလောက် ကူညီပေးနေတာ ဖြစ်ပါတယ်။ရှားစောင်းလက်ပတ်ပင်၊ ရှင်သီဝရိဂမုန်းပင်၊နဂါးဆက်ပင်တွေဟာအောက်ဆီဂျင်ရတဲ့ဆိုတဲ့အတွက် သူမရဲ့အိမ်အနောက်မှာ စိုက်ထားတဲ့ အပင်တွေကို မျိုးပွားဖို့ သီလရှင်ဝတ်ကြီးနဲ့လုပ်နေတာကို မသင့်တော်ကြောင်း ပြောကြတဲ့အတွက် လူဝတ်လဲခဲ့ရတာ ဖြစ်ပါတယ်။

ချက်ချင်း စီစဉ်လိုက်ရတာကြောင့် သိက္ခာမချလိုက်ရပဲ လူဝတ်လဲပြီး ပြင်ဦးလွင်မှာရှိတဲ့ ဆိုင်ကြီးဆိုင် ငယ်တွေကို ရုပ်ဖျက်ပြီး ဈေးဝယ်ပေးခဲ့ရပုံတွေကို မကြာသေးခင် နာရီပိုင်းလောက်က သိင်္ဂီထွန်းရဲ့ လူမှုကွန်ယက်မှာ အခုလို ရေးသားထားတာ ဖြစ်ပါတယ်။သိင်္ဂီထွန်းကတော့ ရန်ကုန်မှာ လောဘသားတွေကြောင့် ဈေးကြီးပြီး ဝယ်မရတာတွေကို တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်ဆေးနဲ့ အာဟာရဖြည့်စွက်စာတွေ ပြင်ဦးလွင်တွင် လိုက်ဝယ်ပေးနေတာ ဖြစ်ပါတယ်။ လက်ထဲမှာ ငွေသားပြတ်တဲ့အထိ ကိုယ်တိုင်ဝယ်ယူပြီး ကုသိုလ်ပြုရတဲ့အတွက် ပီတိဖြစ်နေကြောင်းကိုလည်း ရေးသားထားပါတယ်။ ရုပ်ဖျက်ပြီး ဆေးတွေအများကြီး လိုက်ဝယ်နေတာကြောင့် ပြန်ရောင်းစားမယ့်သူလို့အထင်ခံခဲ့ရတာတွေကိုလည်းအမှတ်တရအနေနဲ့ ပြောပြထား ပါသေးတယ်။

ပြင်ဦးလွင်နဲ့ ရန်ကုန်တွင် သူမကူညီပေးခဲ့တဲ့ လူနာတွေအကုန်လုံး သက်သာလာတဲ့အတွက်လည်း ဝမ်းသာကြည်နူးနေတာပါ။အောက်ဆီဂျင်စက်၊အောက်ဆီဂျင်အိုးနဲ့ အရည်များကိုလည်း လှူဒါန်းနိုင်ခဲ့ပြီး နောက်ထပ်ငွေသားများ လက်ထဲရလာပါ ထပ်မံလှူဒါန်းသွားမယ့်အကြောင်းကိုလည်း ဝမ်းသာစွာဖြင့် ရေးသားထားတာ ဖြစ်ပါတယ်။ လှူတန်းမှုများအား(၃၁) ဘုံ လူနတ်ဗြဟ္မာသတ္တဝါအားလုံး ကုသိုလ်ရကြပြီး ၂၇.၇.၂၀၂၁ ည (၁၂:၃၀) မိနစ်တွင် အောက်ဆီဂျင်အခက်အခဲမရှိဘဲ ညင်သာစွာ ဆုံးပါးသွားတဲ့သူမရဲ့ ဘဘလည်း ကောင်းမွန်ရာ ဘုံဘဝသို့ ရောက်ရှိပါစေလို့ရေးသားဝေမျှထားတာ ဖြစ်ပါတယ်။ သရုပ်ဆောင် သိင်္ဂီထွန်းတစ်ယောက် လိုအပ်နေသူများကို ဒီ့ထက်မက ပိုမိုလှူဒါန်းနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Credit ; MMLoad

celeupdatenews

celeupdatenews