ယုန္ေလးရဲ႕အလႉေငြစာရင္းမွာ သူမတိ္ု႕ႏွစ္ေယာက္ရဲ႕နာမည္ပါဝင္လာတဲ့အေပၚ ခ်က္က်လက္က်ေျဖရွင္းလာတဲ့ နန္းသူဇာ

ယုန္ေလးရဲ႕အလႉေငြစာရင္းမွာ သူမတိ္ု႕ႏွစ္ေယာက္ရဲ႕နာမည္ပါဝင္လာတဲ့အေပၚ ခ်က္က်လက္က်ေျဖရွင္းလာတဲ့ နန္းသူဇာ

စိတ္တူကိုယ္တူရွိသလို ဝါသနာခ်င္းလည္းထပ္တူက်တဲ့ ေက်ာ္ထြဋ္ေဆြနဲ႔ နန္းသူဇာတို႔ဟာ ခ်စ္သူသက္တမ္း (၁၁) ႏွစ္တိုင္တိုင္ လက္တြဲမျဖဳတ္စတမ္း ခ်စ္ေနၾကတဲ့ စုံတြဲေလးတစ္တြဲဆိုလည္း မမွားပါဘူး။

ပရိသတ္ေတြကလည္း ေက်ာ္ထြဋ္ေဆြနဲ႔ နန္းသူဇာတို႔ စုံတြဲေလးကို အားက်စိတ္နဲ႔ အားေပးေနၾကလ်က္ရွိတာပဲျဖစ္ပါတယ္။ ဒီတစ္ခါမွာေတာ့ အဆိုေတာ္ယုန္ေလးရဲ႕ အလႉမွာ ေငြ(၁) သိန္း ပါဝင္လႉဒါန္းခဲ့တယ္ဆိုၿပီး ယုန္ေလးရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေဖာ္ျပခံခဲ့ရပါတယ္။ ထိုကိစၥနဲ႔ပတ္သက္ၿပီး

ကာယကံရွင္ျဖစ္တဲ့ နန္းသူဇာက အျဖစ္မွန္ကို ဖြင့္ဟေျပာျပလာခဲ့ပါတယ္။


နန္းသူဇာက “အလႉေငြစာရင္း နာမည္ပါလာတဲ့ ကိစၥရွင္းျပပါရေစ။ ကိုေက်ာ္ကို ကိုယုန္ေလး အရင္ထဲက ရွင္းေပးရမယ့္ အႏုပညာေၾကးေလးေတြရွိခဲ့ပါတယ္။ အဲေငြေလးေတြကို သူရွင္းေပးဖို႔ေျပာထားခဲ့တာ

ၾကာခဲ့ပါၿပီ ေနာက္ေတာ့ဒီလို ႏိုင္ငံေရး ကိစၥေတြျဖစ္လာခဲ့တဲ့အတြက္ အဲကိစၥဆက္မေျပာျဖစ္ခဲ့ၾကပါဘူး။ ( အႏုပညာေၾကးဆိုလို႔ အမ်ားႀကီးလဲမထင္ပါနဲ႔ေနာ္ ေတာ္ေတာ္ကိုနည္းပါတယ္) အခု ဒီအပါတ္တြင္း ကိုေက်ာ့္ကို messenger

ကေနသူအလႉလာခံပါတယ္ “ခ်ိဳ႕တဲ့ျပည္သူေတြအတြက္လႉဖို႔ အလႉမွာ ပါဝင္ေပးဖို႔ပါ.. “ တဲ့။ အဲ့ဒီအခ်ိန္တုန္းက နန္းတို႔၂ေယာက္လုံးခရီးေရာက္ေနတဲ့တြက္ သူ႔ကို ဘာ Reply မွ မလုပ္ျဖစ္ခဲ့ပါဘူး။ သူ ဘာကိုနားလည္မႈ လြဲသြားလဲ မသိပါဘူး။ နန္းတို႔လဲ

သူေရးတာကို Screenshot ျမင္ေတာ့မွပဲ သိရတာပါ။ ေျဖရွင္းမွရေတာ့မယ္ထင္လို႔ ဒီစာေရးရပါတယ္။ ေက်းဇူးပါ” လို႔ သူမရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။

နန္းသူဇာကလည္း ယုန္ေလးရဲ႕ အလႉေငြစာရင္းမွာ ေဖာ္ျပခံခဲ့ရတဲ့အတြက္ သူမတို႔အေနနဲ႔ ဘာကိုမွမသိလိုက္ပဲ နားလည္မႈလြဲစြာေဖာ္ျပခံခဲ့ရသလို ေက်ာ္ထြဋ္ေဆြဟာလည္း ပရိသတ္အထင္လြဲခံရတဲ့အတြက္ စိတ္ဓာတ္အရမ္းညစ္ေနတာမို႔ Facebook Profile Lock ခ်ထားခဲ့တာျဖစ္တယ္လို႔ နန္းသူဇာကေျဖရွင္းေပးလာခဲ့ပါတယ္။

Source: Nann Thuzar ‘s fb

Credit

စိတ်တူကိုယ်တူရှိသလို ဝါသနာချင်းလည်းထပ်တူကျတဲ့ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ဟာ ချစ်သူသက်တမ်း (၁၁) နှစ်တိုင်တိုင် လက်တွဲမဖြုတ်စတမ်း ချစ်နေကြတဲ့ စုံတွဲလေးတစ်တွဲဆိုလည်း မမှားပါဘူး။ ပရိသတ်တွေကလည်း ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ စုံတွဲလေးကို

အားကျစိတ်နဲ့ အားပေးနေကြလျက်ရှိတာပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ အဆိုတော်ယုန်လေးရဲ့ အလှူမှာ ငွေ(၁) သိန်း ပါဝင်လှူဒါန်းခဲ့တယ်ဆိုပြီး ယုန်လေးရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြခံခဲ့ရပါတယ်။ ထိုကိစ္စနဲ့ပတ်သက်ပြီး

ကာယကံရှင်ဖြစ်တဲ့ နန်းသူဇာက အဖြစ်မှန်ကို ဖွင့်ဟပြောပြလာခဲ့ပါတယ်။

နန်းသူဇာက “အလှူငွေစာရင်း နာမည်ပါလာတဲ့ ကိစ္စရှင်းပြပါရစေ။ ကိုကျော်ကို ကိုယုန်လေး အရင်ထဲက ရှင်းပေးရမယ့် အနုပညာကြေးလေးတွေရှိခဲ့ပါတယ်။ အဲငွေလေးတွေကို သူရှင်းပေးဖို့ပြောထားခဲ့တာ ကြာခဲ့ပါပြီ နောက်တော့ဒီလို နိုင်ငံရေး

ကိစ္စတွေဖြစ်လာခဲ့တဲ့အတွက် အဲကိစ္စဆက်မပြောဖြစ်ခဲ့ကြပါဘူး။ ( အနုပညာကြေးဆိုလို့ အများကြီးလဲမထင်ပါနဲ့နော် တော်တော်ကိုနည်းပါတယ်) အခု ဒီအပါတ်တွင်း ကိုကျော့်ကို messenger ကနေသူအလှူလာခံပါတယ်

“ချို့တဲ့ပြည်သူတွေအတွက်လှူဖို့ အလှူမှာ ပါဝင်ပေးဖို့ပါ.. “ တဲ့။ အဲ့ဒီအချိန်တုန်းက နန်းတို့၂ယောက်လုံးခရီးရောက်နေတဲ့တွက် သူ့ကို ဘာ Reply မှ မလုပ်ဖြစ်ခဲ့ပါဘူး။ သူ ဘာကိုနားလည်မှု လွဲသွားလဲ မသိပါဘူး။ နန်းတို့လဲ သူရေးတာကို Screenshot မြင်တော့မှပဲ သိရတာပါ။

ဖြေရှင်းမှရတော့မယ်ထင်လို့ ဒီစာရေးရပါတယ်။ ကျေးဇူးပါ” လို့ သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

နန်းသူဇာကလည်း ယုန်လေးရဲ့ အလှူငွေစာရင်းမှာ ဖော်ပြခံခဲ့ရတဲ့အတွက် သူမတို့အနေနဲ့ ဘာကိုမှမသိလိုက်ပဲ

နားလည်မှုလွဲစွာဖော်ပြခံခဲ့ရသလို ကျော်ထွဋ်ဆွေဟာလည်း ပရိသတ်အထင်လွဲခံရတဲ့အတွက် စိတ်ဓာတ်အရမ်းညစ်နေတာမို့ Facebook Profile Lock ချထားခဲ့တာဖြစ်တယ်လို့ နန်းသူဇာကဖြေရှင်းပေးလာခဲ့ပါတယ်။

Source: Nann Thuzar ‘s fb

Credit