ယနေ့မှာကျရောက်တဲ့ မိခင်ဖြစ်သူရဲ့ မွေးနေ့လေးမှာ အမှတ်တရ စကားလေးတွေ ဆိုကာ ဆုမွန်ကောင်းတောင်းပေးလိုက်တဲ့ GFatt

ယနေ့မှာကျရောက်တဲ့ မိခင်ဖြစ်သူရဲ့ မွေးနေ့လေးမှာ အမှတ်တရ စကားလေးတွေ ဆိုကာ ဆုမွန်ကောင်းတောင်းပေးလိုက်တဲ့ GFatt

မြန်မာပြည်က လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားနာမည်ကြီးတဲ့အဆိုတော်တစ်ဦး ဖြစ်တဲ့ Gfatt ဟာ ထိမိပြီးကိုယ်တိုင်ရေးသားထားတဲ့

စားသားလန်းလန်းတွေနဲ့ ပရိသတ်ရင်ကို ထိရှစေခဲ့တဲ့ ဖျော်ဖြေနိုင်မူကြောင့် အချိန်အနည်းငယ်မှာတင် လူငယ်ပရိသတ်တွေရဲ့ တစ်ဟုန်ထိုး အားပေးမှုကို အခိုင်အမာရထားတဲ့ Hip Hop လူငယ်

ရက်ပ် အဆိုတော်တစ်ဦး ဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာတစ်ခုရယူထားနိုင်တဲ့ ပရိသတ်အချစ်တော်အဆိုတော်တစ်ယောက်ဆိုလည်းမမှားပါဘူးနော်။

သူရဲ့ အလွမ်းအဆွေးအချစ်သီချင်းလေးတွေကို ပရိသတ်တွေရင်ထဲရောက်အောင် သီဆိုတတ်သူလေးဖြစ်ပြီး သူရဲ့ သီချင်းလေးတွေကိုလည်း ဆယ်ကျော်သက်လူငယ်တွေ အသည်းစွဲကြိုက်နှစ်သက်ကြပါတယ်။

လတ်တလောမှာတော့ ယနေ့မှာကျရောက်တဲ့ မိခင်ဖြစ်သူရဲ့ မွေးနေ့လေးမှာ ” မူကြိူကျောင်းစတက်တော့ ကျောင်းခြံဝန်းအပြင်မှာ အမေ့ကိုထားခဲ့ရလို့ ဝမ်းနည်းတကြီး ငိုဖူးတယ် ။ နောက်တော့အမေ့ကိုထားခဲ့ရတာ

ကျင့်သားတွေရလာ ၊ လူငယ်ဘဝဖြတ်သန်းမှုတစ်လျောက် အမေ့ကိုထားခဲ့ရခြင်းတွေအကြိမ်ကြိမ်ပေါ့ ။ အဆိုတော်လေးဖြစ်လာတော့ နယ်ပွဲတွေသွားရင် အမေ့ကို အိမ်ခြံဝန်းထဲထားခဲ့ရ ၊ သူငယ်ချင်းတွေနဲ့ ချစ်သူရည်းစားနဲ့

လုံးလည်ချာလည်လိုက်နေရင်း အမေ့ကိုအချိန်မပေးနိုင်ခဲ့တဲ့ အစိတ်အပိုင်းက ပိုများခဲ့ရပေါ့ ။ နောက်တော့ နိုင်ငံ့အရေးတွေထဖြစ် အမေ့ကို ထားခဲ့ရ ။ ဒီလိုနဲ့ ပြန်ဆုံရလဲ ရက်တွေလတွေ သိပ်မကြာခင်ပဲ အမေ့ကိုထပ်ထားခဲ့ရပြန်တာပါပဲ ။

အမေကတော့ လုပ်ချင်ရာလုပ်ပြီး ဖြစ်ချင်တိုင်းဖြစ်နေတဲ့ သူ့သားကို ဘယ်တော့မှ အချစ်မလျော့ခဲ့ဘူး ။ နောက်နှစ် နောင်နှစ်တွေတော့ အမေ့မွေးနေ့မှာ အတူတူရှိချင်တယ် ။ အမေ့အပေါ်ရော အဖေ့အပေါ်မှာပါ တာဝန်ကျေသယောင်နဲ့

တကယ်မကျေတာတွေ သိပ်များလှပေါ့ ။ မွေးနေ့ကစလို့ ကျန်းမာပါစေ ၊ စိတ်အဆင်ပြေပါစေ ၊ ငြိမ်းချမ်းပါစေ ၊ စိတ်ချနိုင်ပါစေ ၊ ပျော်ရွှင်ရသောနေ့ရက်တွေ ပြန်ပိုင်ဆိုင်နိုင်အောင် ကြိုးစားတည်ဆောက်ပေးပါ့မယ်ပေါ့ အမေ ။”

ဆိုပြီး အမှတ်တရ စကားလေးဆိုကာ ဆုမွန်ကောင်းတောင်းပေးထားရာ ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။

Photo – Gfatt

Credit