မြန်မာမှု ပန်းကြယ်သီး ကနုတ် ထဘီ သိမ်းသတို့ သမီးဝတ်စုံလေးနဲ့ လှရက်လွန်နေခဲ့တဲ့ မေမြင့်မိုရ်


ပရိသတ်ကြီးရေ မေမြင့်မိုရ်ကတော့ မြန်မာဆန်ဆန်လှတဲ့သူတစ်ယောက်ဖြစ်တာကြောင့် လူငယ်ပရိသတ်တွေရဲ့ချစ်ခင်မှုကိုသာမက လူကြီး ပရိသတ်တွေရဲ့

ချစ်ခင်မှုကိုပါရရှိထားခဲ့သူပါ။ MRTV – 4 ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်ခွင့်ရတဲ့အထိ

အောင်မြင်မှုတွေရရှိထားသူပါ။

လက်ရှိမှာလည်း အနုပညာလှုပ်ရှားမှုအနေနဲ့ ဓာတ်ပုံကြော်ငြာရိုက်ကူးမှုတွေကို ပြုလုပ်နေခဲ့ပါတယ်။

ချစ်ရတဲ့ပရိသတ်တွေအတွက်လည်း ပရိသတ်တွေအတွက်အလွမ်းပြေ သူရိုက်ကူးဖြစ်တဲ့ကြော်ငြာပုံလေးတွေ

ခရီးထွက်ရင်းရိုက်ကူးဖြစ်တဲ့အလှပုံလေးတွေကို အမြဲလိုလို မျှဝေဖော်ပြပေးနေခဲ့ပါတယ်။ဒီနေ့မှာလည်း

သတို့သမီးဝတ်စုံလေးနဲ့ရိုက်ကူးထားတဲ့ပုံလေးတွေကိုမျှဝေဖော်ပြလာခဲ့ပါတယ်။

ပုံလေးတွေထဲမှာတော့မေမြင့်မိုရ်က မြန်မာမှု ပန်းကြယ်သီးကနုတ်ထဘီသိမ်း သတို့သမီးဝတ်စုံခရမ်းရောင်လေးနဲ့

နန်းဆန်ဆန်လှပနေခဲ့ပါတယ်။ CeleZone ပရိသတ်ကြီးရေ မေမြင့်မိုရ်ကတော့ မြန်မာဆန်ဆန်ဝတ်စုံလေးတွေနဲ့ဆို

အပြစ်ဆိုဖွယ်မရှိအောင်ကို လှနေတော့တာပဲနော်။

Source – May Myint Mo
Chilli – CeleZone
-Zawgyi Font ဖြင့် ဖတ်ရန်-










Source – May Myint Mo
Chilli – CeleZone