မြတ်ဆုပန်(အောင်လံ)သီလရှင် စာသင်တိုက်မှာ လှူဖွယ်ပစ္စည်းတွေ ကပ်လှူခဲ့တဲ့ ခန့်စည်သူ
မြတ်ဆုပန် (အောင်လံ)သီလရှင် စာသင်တိုက်မှာ လှူဖွယ်ပစ္စည်းတွေ ကပ်လှူခဲ့တဲ့ ခန့်စည်သူ
ပရိသတ်ကြီးရေ ခန့်စည်သူကတော့ ပရိသတ်တွေရဲ့ အချစ်တော် ဝါရင့် သရုပ်ဆောင်မင်သားတစ်လက်ပဲဖြစ်ပါတယ်။
အလှူအတန်းလည်း ရက်ရောလွန်းလှပြီး မကြာခဏဆိုသလို လိုအပ်တဲ့နေရာတွေအတွက် လိုအပ်တာတွေကို လိုက်လံလှူဒါန်းပေးနေခဲ့ပါသေးတယ်။
မနေ့က သြဂုတ်လ (၁၃)ရက်နေ့မှာလည်း ခန့်စည်သူက မြတ်ဆုပန်(အောင်လံ)သီလရှင် စာသင်တိုက်မှာလိုအပ်တာတွေ
လှူဒါန်းပေးခဲ့ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။ “ရန်ကုန်တိုင်းဒေသကြီး၊
မှော်ဘီမြို့နယ်၊သဲဖြူကျေးရွာရှိ မြတ်ဆုပန်(အောင်လံ)သီလရှင် စာသင်တိုက်သို့ ဆွမ်းဆန်တော်(၂၄)ပြည်ဝင် -၁၀ အိတ်၊
ဆီ-၁၀ ပိဿာ၊ကုလားပဲ၊ဆား၊ဆေး၊ခေါက်ဆွဲခြောက်ထုပ်များ၊ကြက်ဥ၊ငပိ၊ငံပြာရည်၊ကြက်သွန်၊အာလူး၊ဟင်းသီးဟင်းရွက်များ၊မုန့်များ၊
ဖိနပ်များ၊အမျိုးသမီးလစဉ်သုံးများနှင့် ဆောက်လုပ်ဆဲရေလှောင်ကန်အတွက် အလှူငွေ-၁ သိန်းတို့ကို မိမိတို့ဓမ္မမိတ်ဆွေများက လှူဒါန်း၍ မိုးရာသီ သစ်ပင်ငယ်များကိုလည်း စိုက်ပျိုး ကုသိုလ်ယူခဲ့ကြပါတယ်။” ဆိုပြီး မျှဝေထားခဲ့ပါတယ်။
ခန့်စည်သူကတော့ အခုလို လှူဒါန်းနိုင်ဖို့ ပါဝင်လှူဒါန်းပေးကြတဲ့ အလှူရှင်တွေကို “ခက်ခဲသော ယခုအချိန်အခါတွင်
လှူဒါန်းကြပါသော ကာလဒါန အလှူရှင်များလည်း စိတ်ချမ်းသာ၊ကိုယ်ကျန်းမာကြပါစေ။” ဆိုပြီး ကျေးဇူးတင်ကြောင်းလည်း
ရေးသားထားခဲ့ပါသေးတယ်။ CeleZone ပရိသတ်ကြီးရေ ခန့်စည်သူတို့ရဲ့ အလှူကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။
Source – Kyaw Soe Win
Chilli – CeleZone
-Zawgyi Font ဖြင့် ဖတ်ရန်-
Source – Kyaw Soe Win
Chilli – CeleZone