မိသားစုရဲ့ နွေးထွေးမှုကိုတောင့်တမိလို့ ငါးမိနစ်လောက်ဖြစ်ဖြစ် အိမ်ပြန်ချင်တယ်လို့ ရင်ဖွင့်လာတဲ့ မူးလာ
မိသားစုရဲ့ နွေးထွေးမှုကိုတောင့်တမိလို့ ငါးမိနစ်လောက်ဖြစ်ဖြစ် အိမ်ပြန်ချင်တယ်လို့ ရင်ဖွင့်လာတဲ့ မူးလာ
ပရိသတ်ကြီးရေ အဆိုတော် မူးလာ ဟာ လက်ရှိ အချိန်မှာဆိုရင် ခက်ခဲကြမ်းတမ်းလွန်းတဲ့ လွတ်မြောက်နယ်မြေမှာ အခြားသော အနုပညာရှင် အချို့နဲအတူရောက်ရှိနေတာပဲ ဖြစ်ပါတယ် ။
လွတ်မြောက် နယ်မြေမှာ ရောက်ရှိနေပေမယ့်လဲ ပရိသတ်တွေနဲ့ အဆက်အသွယ်မပျက် ရှိနေပြီးတော့
အခြေအနေတွေကို အသိပေးနေတာ ဖြစ်ပါတယ် ။ ဒါအပြင် မူးလာ ဟာ
ဟားငါးကောင်လူရွှင်တော်အဖွဲ့နဲ့အတူ လူမှု့ကွန်ယက်ပေါ်မှတစ်ဆင့်ဟာသလေးပြောပေးလေ့ရှိပြီး သီချင်းလေးတွေ ဆိုပြတတ် ပါသေးတယ် ။ လွတ်မြောက် နယ်မြေ ကတော့
အစားအသောက်၊အနေအထိုင်တွေဟာခက်ခဲ ကြမ်းတမ်းလွန်းတာကြောင့် အဆင်ပြေသလိုနေထိုင်နေရတာပဲ ဖြစ်ပါတယ်။ အခုလက် ရှိမိုးရာသီဖြစ်တာကြောင့်
နေရာထို င်ခင်းမိုးမလုံတာတွေ၊အမိုးအကာလိုအပ်ချက်တွေကြောင့် ဆင်းရဲပင်ပန်းနေပေမယ့် တော်လှန်ရေး အတွက် အားတင်းထားဆဲပဲ ဖြစ်ပါတယ်နော်…
ဒါပေမယ့်လဲ မူးလာ ဟာခံစားချက် ရှိတဲ့လူသား တစ်ဦးပဲ ဖြစ်တာကြောင့် ဘယ်လောက်ပဲ စိတ်ဓာတ်ခိုင် မာနေပေမယ့် တစ်ခါတရံ အိမ်နဲ့မိသားစုရဲ့နွေးထွေးမူ့တွေကို
သတိရနေဆဲပါပဲ ။ ဒါကြောင့် လဲ ခက်ခဲတဲ့ တောတွင်းတစ်နေရာကနေ အိမ်ပြန်ခွင့်ရမယ်ဆိုရင် ငါးမိနစ်လောက် ဖြစ်ြ ဖစ် အိမ်ပြန်ချင် တယ်လို့ရင်ဖွင့်လိုက်ပါတယ် ။ “အိမ်ပြန်ခွင့်ရမယ်ဆိုရင်
ငါးမိနစ်လောက်ဖြစ်ဖြစ် အိမ်ပြန်ချင်တယ် ၊ ဆန္ဒတွေပြည့်ဖို့ မလုပ်ပေးချင်ဘူးလားဗျာ” လို့
တောင်းဆို ထားတာကို တွေ့ရပါတယ်နော်… ပရိသတ်ကြီးရေ အဆိုတော် စောခရစ်မူးလာ တို့ အားလုံး အဆင်ပြေကျန်းမာပါစေလို့
ဆုတောင်း စကားလေးတွေ ကောမန့်မှာ ရေးသားသွားပေးခဲ့ပါအုန်းနော်…။ မြန်မာပြည်ကြီး အမြန်ဆုံ းငြိမ်းချမ်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်…
Credit
Zawgyi