မိန်းမကြမ်းကာရိုက်တာ ပီပြင်လွန်းတာကြောင့် ပရိသတ်ဆီကအမုန်းကိုခံခဲ့ရဖူးတဲ့ တစ်ချိန်က သရုပ်ဆောင် ခင်အေးဟန်
ပရိသတ်ကြီးရေ တစ်ချိန်က မျက်နှာဟန်ပန်အမှု့အရာ နဲ့ အသံအနေအထားကို အချိုးကျကျနဲ့ လူမုန်းများအောင် ဗီလိန်နေရာမျိုးတွေမှာ သရုပ်ဆောင်နိုင်ခဲ့တဲ့ အမျိုးသမီးကြီးတစ်ဦး ရှိခဲ့ပါတယ်။
သူမကတော့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ဖို့ ဇာတ်ကားတစ်ကားလုံးကို အကောင်းမွန်ဆုံးထောက်ပံ့ပေးရတဲ့ ဇာတ်ပို့သရုပ်ဆောင် ဒေါ်ခင်အေးဟန် ပဲ ဖြစ်ပါတယ်နော်…
မြန်မာ့ရုပ်ရှင် အဖြူအမည်ခေတ်ကတည်းကနေ ကာလာခေတ်ကိုရောက်တဲ့အထိ ဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်နော်…
သူမ ဟာ ရပ်ကွက်ထဲလှည့်လည် အတင်းပြောတဲ့ မိန်းမကြမ်း ကာရိုက်တာ၊ အပေါက်ဆိုးတဲ့မိန်းမကြီး၊မိထွေးဇာတ်ဝင်ခန်း အစရှိတဲ့ ကြမ်းတမ်းတဲ့ ကာရိုက်တာတွေကိုပဲ အများဆုံးသရုပ်ဆောင်ပြီး ပရိသတ်အမုန်းကိုခံယူခဲ့ပါတယ်နော်….
ဒေါ်ခင်အေးဟန် ရဲ့ မဲ့မဲ့ရွှဲ့ရွှဲ့ နဲ့ နှုတ်ခမ်းထော် မျက်လုံးပြူးပြတတ်တဲ့ မျက်နှာဟန်ပန်သရုပ်ဆောင်ပုံဟာ ပရိသတ်တွေကြားအတော်ကို နာမည်ကြီးခဲ့ပါတ ယ်။
အရင်ခေတ်က ဒေါ်မြလေး ရဲ့ “မပြောချင်ဖူး ပြော့ကိုမပြောချင်ဖူး” ဆိုတဲ့ ဇာတ်ဝင်ခန်းထဲက စကားလုံးတွေက နာမည်ကြီးသလို ဒေါ်ခင်အေးဟန် ရဲ့ ဟန် ပန်အမှုအရာတွေဟာလဲ အတော်လေးခေတ်စားခဲ့တာပါ။
ရုပ်ရှင်ဇာတ်ကားတွေမှာ တာဝန်အရ မိန်းမကြမ်းကြီးဖြစ်ခဲ့ရပေမယ့် အပြင်မှာတော့ အနုပညာကိုချစ်မြတ်နိုးပြီး အနုပညာအတွက် တာဝန်ကျေချ င်သူတစ်ဦး ပါပဲ။
ဇာတ်ပို့သရုပ်ဆောင် ဒေါ်ခင်အေးဟ န် ဟာ ၂၀၀၆ ခုနှစ်မှာသူမချစ်တဲ့ အနုပညာလုပ်ငန်းတွေနဲ့ မိသားစု၊ချစ်သူခင်သူတွေကို ခွဲခွာ သွားခဲ့တာ ၁၆ နှစ်တင်းတင်းပြည့်ခဲ့ပြီပဲ ဖြစ်ပါတယ်။
မိန်းမကြမ်းကာရိုက်တာ ကို မြင်တိုင်း ဒေါ်ခင်အေးဟန် ရဲ့ သရုပ်ဆောင်ချက်တွေကိုတော့ ပရိသတ်တွေအားလုံးက သတိရေ အာက်မေ့နေမှာ အမှန်ပါပဲ။
အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသ တ်တွေကို ကျေးဇူးအထူးတင်ရှိပါတယ်၊သာယာပျော်ရွှင်ဖွယ်ကောင်တဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေနော်..
Credit