မာမားကိုအိမ်အလုပ်တွေဘာကြောင့်ဝိုင်းကူလုပ်ပေးနေတာလည်းလို့ သမီးလေးကိုမေးလိုက်တဲ့အခါ ပြန်ဖြေလိုက်တဲ့စကားလေးကြောင့် ပီတိဖြစ်နေတဲ့ ဇူးဇူးမောင်




Credit ; Cele Thadin

ပရိသတ်ကြီးရေ သရုပ်ဆောင် ဇူးဇူးမောင်ကတော့ တစ်ခေတ်တစ်ခါတုန်းက အနုပညာလောကမှာ အောင်မြင်မှုတွေများစွာ သိမ်းပိုက်ရရှိထားသူတစ်ဦး ဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင် မေသန်းနုရဲ့တူမအရင်းဖြစ်ပြီးအဒေါ်ဖြစ်သူနဲ့အတူ ရုပ်ရှင်ဇာတ်ကားတွေမှာ အတူပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ သာယာကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဇူးဇူးမောင်ဟာ သူမရဲ့မိသားစုနဲ့အတူ ပြည်ပနိုင်ငံတွင် အခြေချနေထိုင်နေတာဖြစ်ပြီး အနုပညာအလုပ်တွေကနေ အနားယူလိုက်တာ ဖြစ်ပါတယ်။ သူမရဲ့ ကလေးတွေကလည်း အရမ်းကို ချစ်စရာကောင်းလွန်းတာကြောင့် ပရိသတ်တွေကပါ ချစ်ခင်နေရတာ ဖြစ်ပါတယ်။ကလေးတွေရဲ့လှုပ်ရှားမှုတွေတိုင်းကိုလည်း ဝေမျှပေးလေ့ရှိရာ မကြာသေးခင်က ဇူးဇူးမောင်ရဲ့ လူမဥကွန်ရက်စာမျက်နှာတွင် ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ မေမေအသက်မြန်မြန်ကြီးပြီး အိုသွားမှာအရမ်းစိုးရိမ်တဲ့အတွက် အိမ်အလုပ်တွေ ဝိုင်းကူပေးနေတဲ့ ဇူးဇူးမောင်သမီးလေးရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။

” မာမားမေး– Chloe လေးက ဘာလို့မာမားကို အမြဲကူပေးတာလဲ?Chloe ဖြေ– မာမားအသက်မြန်မြန်ကြီးပြီး အိုသွားမှာစိုးလို့ မာမားကိုအမြဲကူပေးတာတဲ့. 😍😍😍ချစ်လိုက်တာ သမီးလေးရယ်🥰🥰🥰Chloe လေး ၄ နှစ်ကျော် အရွယ်တုန်းက ရိုက်ထားတဲ့ video လေးပါ❤ချိုတို့ရဲ့Youtube channel လေးကို subscribe လုပ်ထားပေးကြပါဦးနော်Chloe လေးငယ်ငယ်က လှုပ်ရှားမှုလေးတွေ, မြန်မာစာကို ငယ်ကတည်းကလေ့ကျင့်ပေးခဲ့တာတွေ, အစားအသောက်ကို healthy food လေးတွေစားတတ်အောင် လေ့ကျင့်ပေးခဲ့တာတွေ, အိမ်အလုပ်တွေကိုလည်းကူတတ်အောင် လေ့ကျင်ပေးခဲ့တာတွေကို YouTube မှာတင်ပေးသွားမှာမို့ အောက်က link လေးကိုနှိပ်ပြီး subscribe လုပ်ဖို့မမေ့နဲ့နော်လို့❤” ဆိုပြီး ရေးသား ထားတာ ဖြစ်ပါတယ်။

Credit ; Cele Thadin

celeupdatenews

celeupdatenews