ပရိသတ်ကြီးရေ နန်းမြတ်ဖြိုးသင်းကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို
အပြည့်အဝရရှိထားတဲ့ တဲ့ မော်ဒယ်လ် သရုပ်ဆောင် မင်းသမီးချောလေးပဲ
ဖြစ်ပါတယ်။ နန်းမြတ်ကတော့ လက်ရှိမှာ ချစ်စရာကောင်းလှတဲ့ သားလေးနဲ့
သမီးလေးအတွက် လောကကြီးကို ရဲရင့်စွာရင်ဆိုင်နေတဲ့ မိခင်တစ်ယောက်ဖြစ်နေခဲ့ပါပြီ။
နန်းမြတ်ကလည်း အခုလို မထင်မှတ်ထားတဲ့ လောကဓံကိုကြုံတွေ့ရပြီးနောက်
ဘာမဆို ရင်ဆိုင်ရုံပဲဆိုတဲ့ စိတ်ထားတတ်သွားပြီဖြစ်တဲ့အကြောင်းနဲ့
လက်ရှိအခြေနေမှာ အရင်က နန်းမြတ်နဲ့ မတူတော့တဲ့အကြောင်း အခုလိုပဲ
ရင်ဖွင့်လာခဲ့ပါတယ်။”ဟင်းတွေလဲကိုယ်တိုင်ချက်တတ်ပြီ။ ဒီနေ့ ဝက်သားနီချက်နဲ့
ပန်းပွင့်ကြော်၊ချဉ်ဟင်းလေးချက်တယ်။ အရင်ကဆိုဟင်းချက်တဲ့
ကောင်မလေးတွေပြန်သွားရင်သောကတွေရောက်တာ၊ ခုတော့စိတ်ကို
လျော့လိုက်တယ်၊ ငါလုပ်နိုင်တယ်လို့တွေးတယ်။
တစ်အိမ်လုံးစာဟင်းချက်တယ်၊ပြီးတာနဲ့မိတ်ကပ်အမြန်လိမ်း၊ ရှုတင်သွားတယ်။
ပြန်လာတော့ညစာပြင်ဆင်တယ်။ Online shopကိစ္စလေးတွေလဲ
အပြေးအလွှားလုပ်တယ်။ အကြီးဆုံးလောကဓံကိုကြုံပီးတည်းက
ဘာမဆိုရင်ဆိုင်ရုံပဲလို့တွေးတတ်သွားတယ်။ အမေတွေဟာအသန်မာဆုံးပဲ။
Every Mom is special”ဆိုပြီးတော့ သူကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့
အတွေ့အကြုံတွေနဲ့ ယှဉ်ပြီး ရင်ဖွင့်ထားခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ
Zawgyi
အရင်ကဆိုဟင်းချက်တဲ့ကောင်မလေးတွေပြန်သွားရင်သောကတွေေ
ရာက်တာ၊ ခုတော့စိတ်ကိုလျော့လိုက်တယ်၊ ငါလုပ်နိုင်တယ်လို့တွေးတယ်။
celeupdatenews
celeupdatenews