ဘဝအမောတွေကို ပြက်လုံးတွေနဲ့‌ ခဏတာ ပျော်ရွှင်စေခဲ့တဲ့ ဟာသလူရွှင်တော်ကြီး ငှက်ပျောကြော် ရဲ့မွေးနေ့

ဘဝအမောတွေကို ပြက်လုံးတွေနဲ့‌ ခဏတာ ပျော်ရွှင်စေခဲ့တဲ့ ဟာသလူရွှင်တော်ကြီး ငှက်ပျောကြော် ရဲ့မွေးနေ့

လူရွှင်တော်တစ်ဦးဖြစ်သလို ဝါရင့်သရုပ်ဆောင်လည်းဖြစ်တဲ့ ငှက်ပျောကြော် ကတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို ရရှိထားပြီးသား ဖြစ်ပါတယ် ။

လူငယ်အရွယ်ကတည်းကနေ အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းခဲ့ပြီးတော့ အခုချိန်အထိတိုင်အောင် သူဝါသနာပါတဲ့အနုပညာအလုပ်တွေကို

ဆက်လက်လုပ်ကိုင်နေဆဲပါပဲ။ ငှက်ပျောကြော် ဟာ သရုပ်ဆောင်တော်သလို ဟာသဉာဏ်လည်းရွှင်ပြီး ပရိသတ်တွေနှစ်သက်စေမယ့် ပြက်လုံးတွေနဲ့

ဘဝအမောတွေကို ခဏတာပြေပျောက်သွားစေဖို့ တင်ဆက်ပေးတတ်တာပဲ ဖြစ်ပါတယ်။ လူရွှင်တော်ကြီး ဦးငှက်ပျောကြော် ကတော့ ဗီဒီယိုနဲ့

ရုပ်ရှင်ဇာတ်ကားကြီးတွေ တော်တော်များများမှာလဲ ပါဝင်သရုပ်ခဲ့ပါသေးတယ်။ လူရွှင်တော် ငှက်ပျောကြော် ဟာ တစ်ခေတ်တစ်ခါတုန်းကတည်းက

ဟာသဇာတ်ကားတော်တော်များများမှာ ပါဝင်ခဲ့ပြီး သူ့ရဲ့တွဲဖက်တွေဖြစ်ကြတဲ့ ကင်းကောင်၊အရိုင်း၊ဖိုးဖြူ၊မိုးဒီ၊ကုသိုလ် အစရှိတဲ့ လူရွှင်တော်တွေနဲ့အတူ

နာမည်ကြီးခဲ့တဲ့သူတစ်ဦးဖြစ်ပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့ကတော့ ပရိသတ်တွေအားလုံးချစ်ရတဲ့ လူရွှင်တော် ငှက်ပျောကြော် ရဲ့

မွေးနေ့ပဲ ဖြစ်ပါတယ်။ ငှက်ပျောကြော် ရဲ့ သူ့ရဲ့မွေးနေ့အတွက် ဆုတောင်းပေးထားတဲ့ တစ်‌ယောက်ချင်းစီကို ကျေးဇူးတင်ကြောင်းကို “ကျနော်မျိုး

မွေးနေ့ကိုဆုတောင်းမေတ္တာပို့သပေးကြသော ဆွေမျိုးသားချင်း မိတ်ဆွေသူငယ်ချင်း ညီအကိုမောင်နှမများအားလုံးကိုအထူးကျေးဇူးတင်ရှိပါကြောင်း

အသိအမှတ်ပြုပါရစေခင်ဗျာ….” လို့ လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။ ပရိသတ်ကြီးရေ ဒီကနေ့မှာကျရောက်တဲ့

ဟာသလူရွှင်တော်ကြီး ဦးငှက်ပျောကြော်အတွက် မွေးနေ့ဆုတောင်းစကားတွေကို ကောမန့်မှာ ရေးသားသွားခဲ့ပါအုန်းနော် ။