ဖေဖေတန်းနစ်ရိုက်တာကို သွားလိုက်ရှုပ်ခဲ့တဲ့ မေမေဒီးနဲ့ ထရက်ရှာလေး
ဖေဖေတန်းနစ်ရိုက်တာကို သွားလိုက်ရှုပ်ခဲ့တဲ့ မေမေဒီးနဲ့ ထရက်ရှာလေး
ပရိသတ်ကြီးရေ စန္ဒီမြင့်လွင်တို့ မိသားစုလေးကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် မိသားစုလေးပဲဖြစ်ပါတယ်။ စန္ဒီမြင့်လွင်ကတော့
အဆိုတော်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အချစ်တော်တစ်ယောက်ဖြစ်ခဲ့ပြီး ထရက်ရှာလေးကတော့ လည်လွန်းတတ်လွန်းလှတာကြောင့် ပရိသတ်အချစ်တော်လေးဖြစ်နေခဲ့တာပါ။
စန္ဒီမြင့်လွင်ကတော့ သူတို့ကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် အမြဲလိုလို လူမှုကွန်ရက်စာမျက်နှာကနေပြီးတော့ သူတို့မိသားစုနဲ့ ပတ်သက်တာတွေကို မျှဝေဖော်ပြလေ့ရှိပါတယ်။ ဒီနေ့မှာလည်း ခင်ပွန်းဖြစ်သူ တန်းနစ်ရိုက်တဲ့ဆီကို
လိုက်သွားပြီး သားအမိနှစ်ယောက် လိုက်ဆော့လိုက်စား ဓါတ်ပုံရိုက်ခဲ့ကြောင်း ပုံလေးတွေနဲ့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။
စန္ဒီမြင့်လွင်တို့ မိသားစုလေးကို ချစ်ကြတဲ့ ပရိသတ်တွေကတော့ မိသားစု(၃)ယောက်ရဲ့ ပုံလေးတွေကိုကြည့်ပြီး ချစ်စရာကောင်းလှတဲ့ မိသားစုလေးဖြစ်ကြောင်း မှတ်ချက်တွေပေးနေခဲ့ကြပါသေးတယ်။
ပရိသတ်ကြီးရေ ထရက်ရှာတို့ မိသားစုကိုချစ်ကြတဲ့ CeleZone ပရိသတ်တွေအတွက်လည်း ပုံလေေးတွကို မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။
Source – Sandy Myint Lwin
Chilli – CeleZone
-Zawgyi Font ဖြင့် ဖတ်ရန်-
Creditw