ဖမ်းဆီးခံရပြီးပြန်လည်လွတ်မြောက်လာတဲ့နောက်ပိုင်း ဆိုရှယ် မီဒီယာတွေမှာပျောက်နေခဲ့တဲ့အကြောင်းအရင်းကိုပြောပြလိုက်တဲ့ မီးနို




Credit– Cele Zone

Photo – Mee No

အဆိုတော်မီးနိုကတော့ လက်ရှိအခြေအနေတွေမှာ ပြည်သူပရိသတ်တွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။တော်လှန်ရေးတိုက်ပွဲကြီးမှာ ရရာနေရာကနေတတ်နိုင်သလောက်ပါဝင်အားဖြည့်နေကြတဲ့ ပြည်သူတွေအားလုံးနဲ့အတူ မီးနိုကလည်း အလှူလေးတွေနဲ့ တစ်တပ်တစ်အားပါဝင်နေတာပါ။

မကြာခင်က သူမဖမ်းဆီးထိန်းသိမ်းခံရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ ပြီး အားလုံးက စိတ်ပူပန် ခဲ့ကြရပါတယ် ။ အဲ့နောက်ပိုင်းမှာလည်း လူမှုကွန်ယက်စာမျက်နှာတွေ ထက်မှာ အချိန်တော်ကြာ ပျောက်ကွယ်နေတာကို တွေ့ရပါတယ်။ ဒီနေ့မှာတော့ သူပြန်လည် လွတ်မြောက်လာပြီး ကတည်းက လိုင်းပေါ်မတက်ဖြစ်တဲ့ အကြောင်းတွေကို ရေးသားဖော်ပြလာပါတယ် ။

” မီးနိုပြန်လွတ်ပြီးတည်းက အနံ့ပျောက်တာရယ် နေမကောင်းဖြစ်နေတာမလို့ Page လေးမှာ သိပ် Active မဖြစ်ဘူးဖြစ်နေတာပါ..မီးနိုက အခုနေပြန်ကောင်းနေပြီဆိုတော့ အရင်လိုမျိုး လိုအပ်တဲ့နေရာတွေမှာ မီးနိုရဲ့ ပရိတ်သတ်မောင်နှမတွေနဲ့အတူ စုပေါင်းအလှူဒါနလေးတွေနဲ့ ပရဟိတအလုပ်လေးတွေလုပ်နိုင်ဖို့ အကောင်းဆုံးကြိုးစားသွားပါမယ်..မီးနိုလည်း ပရိတ်သတ်ကြီးကို အများကြီးလွမ်းနေပါတယ်..အားလုံးလည်း ကျန်းမာရေးအထူးဂရုစိုက်ကြပါရှင်. ” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Credit– Cele Zone

Photo – Mee No

celeupdatenews

celeupdatenews