ဖခင်ဖြစ်သူခံစားခဲ့ရတဲ့ မာယာ များတဲ့ ကိုဗစ်ရောဂါလ က္ခဏာ အကြောင်းပြောရင်း ဒီကပ်ရောဂါဆိုးကြီးကို တိုက်ထုတ်နိုင်စေဖို့ မေတ္တာဖြင့်မျှဝေပေးလိုက်တဲ့ ညီနန္ဒ…

ပရိတ်သက်ကြီးရေအနုပညာလောကမှာ နှစ်ပေါင်းများစွာ တိုင်အောင် ရပ်တည်အောင်မြင်နေပြီး ပရိသတ်အာ
းပေးမှုကို အခိုင်အမာ ရရှိထားတဲ့ ဝါရင့်သရုပ်ဆောင် ညီနန္ဒကိုသိကြမယ်ထင်ပါတယ်နော်။ သူဟာဆို ပြည်
သူတွေဘက်က ရပ်တည်ရင်း တော်လှန်ရေးမှာပါဝင်ခဲ့တာကြောင့် ပုဒ်မ (၅၀၅ – က) နဲ့ တရားစွဲဆို ခံထာ
းရပြီး လွတ်မြောက်ရာကို ထွက်ပြေး တိမ်းရှောင်နေရတာလည်းဖြစ်ပါတယ် ။

ညီနန္ဒ ရဲ့ဖခင်ဖြစ်သူဟာ လောလောလတ်လတ်ရက်ပိုင်းကပဲ ကိုဗစ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့တာပါ။ ဖခင်ဖြစ်သူနေ
မကောင်းနေချိန်မှာ အနားမှာပြုစုခွင့်မရခဲ့တာကို သူ့အနေနဲ့ဝမ်းနည်းနေခဲ့တာပါ။ ဒါ့ကြောင့် သူ့ရဲ့ဖ
ခင် ဖြစ်ပွားခဲ့တဲ့ ရောဂါလက္ခဏာနဲ့ ကိုဗစ်ရဲ့မာယာများပုံတွေကိုအခုလိုပဲ ပရိတ်သက်တွေကို ဖော်ပြလာခဲ့ပါတယ်။

” ကျွန်တော့အဖေနဲ့အမေ က စမ်းချောင်း၊ … လမ်း၊ အမှတ်.., ၄လွှာမှာ နှစ်ယောက်
ထဲနေကြပါတယ်…(၁၀.၇.၂၁) ရက်နေ့လောက်မှာ အမေက နှာစေး,ချောင်းဆိုး စ,ဖြစ်ပါတယ်…
၃ရက်လောက်နေတော့ အဖေ့ကိုကူးပါတယ်…ကျွန်တော် အဖေနဲ့အမေ့ဆီကို တစ်နေ့ဖုန်း ၎
,၅ကြိမ်ဆက်ပြီး သောက်ရမယ့်ဆေး, စားရမယ့်အစားအသောက်(ကြက်ပေါင်း, ဌက်သိုက်), ရေနွေ
းငွေ့ရှူဖို(တစ်နေ့ ၃ကြိမ်), ဆားရေနဲ့ပလုတ်ကျင်းဖို(တစ်နေ့၃ကြိမ်) ဂရုတစိုက်ပြောပ
ါတယ်… ကျွန်တော်ပြောသမျှအားလုံး အမေက နေ့စဉ်မပျက်လုပ်ပေမယ့် အဖေက မလုပ်ခဲ့ဘူး.
. ဘာလိုမလုပ်တာလည်းဆိုတော့ အဖေကတစ်သက်လုံးအရမ်းကျန်းမာခဲ့တာကိုး… ကျွန်တော့ထက်တော
င်ပိုပြီးကျန်းမာတယ်… အဲလိုကျန်းမာလွန်းလိုလည်း အဖေက ဒီတစ်ခါနှားစေး, ချောင်းဆိုး ဖြစ်တာကို
အရင်လိုပဲယူဆပြီး (၂၀.၇.၂၁) မှာ ရေချိုးလိုက်ပါတယ်… အမေပြောပြလို သိသိချင်း ကျွန်တော်ဖု
န်းဆက်တော့ အဖေက သိပ်လက်မခံချင်ဘူး… ကျွန်တော်သေချာ ချော့ပြောတော့မှ လက်ခံတယ်… က
ထိကျပြီး အသည်းအသန်ဖြစ်တဲ့အခြေအနေရောက်ခဲ့တယ်… ကျွန်တော်ဖုန်းဆက်ပြီး အကူအညီတွေလို
က်တောင်းတော့ ရင်းနှီးတဲ့မိတ်ဆွေတစ်ယောက်ရဲ့လမ်းညွှန်မှုကြောင့် ဆရာဝန်မကြီးတစ်ယေ
ာက်နဲ့ ကိုဝေဠုကျော်တိုရဲ့အကူအညီနဲ့ အဖေ့ကို အောက်ဆီဂျင်လုံးဝမပျက်အောင်ထားနိုင်ခဲ့တယ်… (၂၅.၇.၂၁)
တစ်ညလုံး (၂၆.၇.၂၁) အထိ အောက်ဆီဂျင်အဆက်မပျက်ပေးနိုင်ခဲ့လို သက်သာသွားပြီလို ကျွန်တော်တိုယူဆခဲ့
တယ်… ဒီရောဂါကြီးက အရမ်းမာယာများတယ်… (၂၇.၇.၂၁) မှာ အဖေက အောက်ဆီဂျင်ပိုက်အတပ်မခံတဲ့အ
ထိ စိတ်အလိုမကျတွေဖြစ်ပြီးဒေါသတွေကြီးခဲ့တယ်… ဘာမှလည်းကျွေးလိုမရတော့ဘူး… တစ်သက်လုံးအ
ရမ်းကျန်းမာခဲ့တဲ့အဖေက အခုလိုအိပ်ယာထဲမှာအောက်ဆီဂျင်ပိုက်တပ်ထားရတဲ့အနေအထားကို ဘယ်လိုမှလက်မခံနိုင်ဘူ
းဖြစ်နေခဲ့တယ်… ကျွန်တော်ကတော့ အဖေရေချိုးမှားသွားတယ်လိုထင်ပါတယ်… (၂၉.၇.၂၁) မှာတော့
အောက်ဆီဂျင် ၆၀ လောက်အထိကျပြီး အဖေ့အသိစိတ်တွေ မတည်မငြိမ်ဖြစ်ခဲ့ရတယ်… V call နဲ့ ခေ
ါ်ပြီးစကားပြောနေတဲ့ကျွန်တော့ကိုတောင် မမှတ်မိတော့ပဲ ည ၇:၃၁ မှာ အဖေဆုံးသွားခဲ့တယ်…
အမေက အခုဆို လည်ချောင်းလေး နည်းနည်းယားတာလောက်ပဲရှိပါတော့တယ်… အမေ့ကို အကေ
ာင်းဆုံးလည်းဂရုစိုက်နေပါတယ်… ကျွန်တော်တိုပြည်သူတွေ ကျွန်တော့အမေလို အထူးဂရုစို
က်ခြင်းဖြင့် ဒီကပ်ရောဂါဆိုးကြီးကို တိုက်ထုတ်နိုင်စေဖို မေတ္တာဖြင့်မျှဝေပေးလိုက်ပါတယ်…ညီနန္ဒ ”

Source: Nyi Nanda ( Facebook acc )

Credit: Celebrity Platforms

celeupdatenews