နေအိမ်မှာ သံဃာတော်တွေပင့်ဖိတ်ပြီး ဝါဆိုသင်္ကန်းကပ်လှူခဲ့တဲ့ ဆုပန်ထွာတို့ မိသားစု

နေအိမ်မှာ သံဃာတော်တွေပင့်ဖိတ်ပြီး ဝါဆိုသင်္ကန်းကပ်လှူခဲ့တဲ့ ဆုပန်ထွာတို့ မိသားစု

ပရိသတ်ကြီးရေ ဆုပန်ထွာကတော့ ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောတစ်လက်ပဲဖြစ်ပါတယ်။ လကိရှိမှာတော့

အိမ်ထောင်ကျပြီး ချစ်စရာကောင်းလှတဲ့ သားလေးတစ်ယောက်ကိုပိုင်ဆိုင်ထားပြီး ပျော်ရွှင်သာယာတဲ့ မိသားစုဘဝလေးကို

တည်ဆောက်ထားပါတယ်။

ဒီနေ့မှာတော့ ဆုပန်ထွာတို့ မိသားစုက သူတို့ရဲ့ နေအိမ်မှာ သံဃာတော်တွေကို

ပင့်ဖိတ်ပြီး ဝါဆိုသင်္ကန်းကပ်အလှူလေးပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။ ဆုပန်ထွာရဲ့ ခင်ပွန်းဖြစ်သူရဲ့ လူမှုကွန်ရက်စာမျက်နှာကနေပြီးတော့လည်း “အိမ်မှာ သံဃာ ၅ပါး “ဝါဆိုသင်္ကန်း”

ကပ်ဖြစ်ပါတယ် ခင်ဗျာ။” ဆိုပြီး တော့လည်း ရေးသားမျှဝေထားခဲ့ပါတယ်။

အလှူမှတ်တမ်းပုံလေးတွေကိုလည်း ဆုပန်ထွာရဲ့ခင်ပွန်းဖြစ်သူက မျှဝေဖော်ပြထားခဲ့ပါသေးတယ်။ပရိသတ်ကြီးရေ ဆုပန်ထွာတို့ မိသားစုရဲ့ မွန်မြတ်လှတဲ့ ဝါဆိုသင်္ကန်းကပ်အလှူလေးကို ပရိသတ်တွေလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Okkar Kyaw







Source – Okkar Kyaw