
နဂါးကိုးကောင် နဂါးရုံဘုရားကြီးမှာ သူမကိုယ်တိုင်ပါဝင်လှူဒါန်းခဲ့ပြီး ရုပ်လုံးပေါ်လာလို့ကုသိုလ်ဝေမျှခဲ့တဲ့ ဆုထက်လှိုင်
“ ဆရာမဒေါ်ကြည်ကြည်ရွှေဇော်ဦးဆောင်ပြီး ပဌာန်းဆက်၇ရက်သားသမီးတွေရဲ့ ရှမ်းပြည်ဘက်မှာ သာသနာပြုဖို့ မတည်ထား၍ အခု ရုပ်လုံးပေါ်လာပြီဖြစ်သော နဂါးကိုးကောင် နဂါးရုံဘုရားကြီး မြင်တွေ့ရသော ၇ ရက်သားသမီးများ ဝင်ရောက်သာဓုခေါ်နိုင်အောင် တင်ပေးချင်စိတ်တွေဖြစ်လာလို့ပါ..။
Source – Su Htet Hlaing
မင်္ဂလာပါပရိသတ်ကြီးရေ ပရိတ်သတ်အားပေးမှူ့ကိုအပြည့်အဝရရှိထားတာကတော့ ဆုထက်လှိုင်ပဲဖြစ်ပါတယ်။ MRTV-4 ကထုတ်လွှင်ပြသခဲ့ပြီးတဲ့ ဒေါင်းယဉ်ပျံဘုံနဘေးမှာစာရေးလို့ထားချင်တယ် ဇာတ်လမ်းတွဲမှာ မမဦးဇာတ်ကောင်အဖြစ်သရုပ်ဆောင်ပီပြင်လွန်းတာကြောင့် ပရိတ်သတ်ကချီးကျူးအားပေး မှု့ကိုရရှိခဲ့တာပဲဖြစ်ပါတယ်..။
ဆုထက်လှိုင်ကတော့ လူငယ်တစ်ယောက်ဖြစ်ပေမဲ့ ဘာသာရေးကို ကိုင်ရှိုင်းလွန်းလှတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ ဆုထက်လှိုင်ကတော့ လတ်တလောမှာ လည်း ဘုရားတည်တဲ့
ကုသိုလ်လေးကို ပြုလုပ်ခဲ့ပြီး ဒီကောင်းမှုတွေကို “ ဆရာမဒေါ်ကြည်ကြည်ရွှေဇော်ဦးဆောင်ပြီး ပဌာန်းဆက်ရရက်သားသမီးတွေရဲ့ ရှမ်းပြည်ဘက်မှာ သာသနာပြုဖို့ မတည်ထား၍
အခု ရုပ်လုံးပေါ်လာပြီဖြစ်သော နဂါးကိုးကောင် နဂါးရုံဘုရားကြီး မြင်တွေ့ရသော ၇ ရက်သားသမီးများ ဝင်ရောက်သာဓုခေါ်နိုင်အောင် တင်ပေးချင်စိတ်တွေဖြစ်လာလို့ပါ..။
ဆုထက်ရဲ့ ကုသိုလ်ဆိုတာ ပရိတ်သတ် ၇ ရက်သားသမီးတွေရဲ့ကုသိုလ်ပါပဲ ဒါကြောင့် fb ပေါ်က ဆွေတော်မျိုးတော်တွေဝင်ရောက် သာဓုခေါ်နိုင်အောင် လို့ပါ ” ဟုဆိုပြီး ပရိသတ်တွေလည်း ထပ်တူရရှိစေဖို့ မျှဝေလာခဲ့ပါတယ်။
ပရိသတ်ကြီးရေ မမဦးကတော့ “ မေတ္တာတန်ခိုး အကျိုးမြတ်ကြပါစေ။သစ္စာတန်ခိုး အကျိုးထူးကြပါစေ ” လို့လည်း ဆုတောင်းပေးထားခဲ့ပါသေးတယ်နော်။စာဖတ်ပရိတ်သတ်ကြီးလည်း ဆုထက်လှိုင်ရဲ့အလှူ့လေးကို သာဓုခေါ် ဆိုပေးသွားကြပါဦးနော်..။
Credit – CeleZone