
Zawgyi
ပရိသတ်ကြီးရေ Rဇာနည်ကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို
အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် အဆိုတော်တစ်ယောက်
ပဲဖြစ်ပါတယ်။ Rဇာနည်ကတော့ ပျော်ရွှင်စရာကောင်းလှတဲ့ မိသားစုဘ
ဝလေးကိုပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းလှတဲ့ သားသား မီးမီးလေး
တွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။
ဒီနေ့ ဇန်နဝါရီလ (၁၁)ရက်နေ့မှာတော့ Rဇာနည်က သူရဲ့လူမှုကွန်ရက်
စာမျက်နှာကနေ သားငယ်လေးဖြစ်တဲ့ ချစ်ချစ်တုန်လေးရဲ့ မွေးနေ့အတွ
က် မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားခဲ့ပါတယ်။
“Happy Birthday. သားလေး ချစ်ချစ် အသက်ရှည် ကျန်းမာချမ်းသာပြီး
ဘိုးဘွား မိဘ ဦးဦးဒေါ်ဒေါ် ဆရာသမား ကိုကိုမမ များကို ရိုသေကိုင်းရှိုင်းပြီး
လိမ္မာရေးချားရှိတဲ့ သားကောင်းရတနာလေး ဖြစ်ပါစေဗျာ” လို့
သားလေးရဲ့ ပုံလေးနဲ့အတူ မွေးနေ့ဆုတောင်းပေး ထားတာပဲဖြစ်ပါတယ်။
ပရိသတ်ကြီးရေ ချစ်ချစ်တုန်လေးတောင် ဘာလိုလိုနဲ့ အသက် (၄)နှစ်
ပြည့်သွားခဲ့ပြီနော်။ ပရိသတ်ကြီးတွေထဲက Rဇာနည်တို့ မိသားစုကို
ချစ်ခင်ကြတဲ့ ပရိသတ်ကြီးတွေက Rဇာနည်ရဲ့ သားငယ်လေး
ချစ်ချစ်တုန်ရဲ့မွေးနေ့အတွက် မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးခဲ့ပါဦးနော်။
celeupdatenews
celeupdatenews