ထိုင်းနိုင်ငံတင်မကပဲဂျပန်နိုင်ငံအထိပါ Top3 ဝင်နေတဲ့သူ့ရဲ့သီချင်းလေးကြောင့် ဂုဏ်ယူမဆုံးဖြစ်နေတဲ့ အုပ်စိုးခန့်

ထိုင်းနိုင်ငံတင်မကပဲဂျပန်နိုင်ငံအထိပါ Top3 ဝင်နေတဲ့သူ့ရဲ့သီချင်းလေးကြောင့် ဂုဏ်ယူမဆုံးဖြစ်နေတဲ့ အုပ်စိုးခန့်












Credit

ပရိတ်သတ်ကြီးရေမိန်းကလေးပရိသတ်တွေရဲ့ အခိုင်အမာ ဝန်းရံ အားပေးခြင်းကို ရရှိထားတဲ့ လူငယ် အဆိုတော် အုပ်စိုးခန့်က

အသံချိုချိုလေးနဲ့ သီချင်းကောင်းလေးတွေကို သီဆိုတတ်သူတစ်ယောက် ဖြစ်ပါတယ်။အုပ်စိုးခန့်ကတော့ သီချင်းဆိုတာအပြင် သရုပ်ဆောင်ဘက်ကိုလည်း ဝါသနာပါပြီး ပြီးခဲ့တဲ့နှစ်အတွင်းက

“အိပ်မက်တွေမိုးထားတဲ့အိမ်” ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ အုပ်စိုးခန့်ကတော့ အခုဆိုရင် အသက်နှစ်ဆယ်တောင်မပြည့်သေးတဲ့ ဆယ်ကျော်သက်လေးတစ်ယောက်ဆိုပေမယ့် အနုပညာလောကမှာ

အောင်မြင်တဲ့နေရာ တစ်နေရာကို ရရှိနေပြီပဲ ဖြစ်ပါတယ်။

အခုဆိုရင် ပြည်ပကအနုပညာရှင်တွေနဲ့ တွဲဖက်ပြီး အနုပညာလှုပ်ရှားမှုတွေကို လုပ်ကိုင်နေပြီဖြစ်တဲ့ အုပ်စိုးခန့်က

ပြည်ပ Fan တွေကိုလည်း အတော်အသင့်ရရှိနေပြီဖြစ်ပြီး နာမည်ရစပြုနေပြီပဲဖြစ်ပါတယ်။ထိုင်းအဆိုတော်တွေနဲ့အတူသီချင်းတွေသီဆိုခဲ့ပြီးလက်ရှိသူရဲ့သီချင်းအသစ်က

အတော်လေးအောင်မြင်နေတာပဲဖစ်ပါတယ်နော်၊မြန်မာနိုင်ငံသာမကထိုင်းနိုင်ငံမှာပါအောင်မြင်နေတာပဲဖြစ်ပါတယ်။

ခုဆိုအုပ်စိုးခန့်ရဲ့အောင်မြင်မှု့ဟာဂျပန်နိုင်ငံအထိတောင်ရောက်ရှိနေပြီပဲဖြစ်ပါတယ်။ဂျပန်လူကြိုက်များဆုံးသီချင်းထဲမှာ

Top3နေရာမှာရှိနေတဲ့သူရဲ့သီချင်းလေးအကြောင်းကိုဂုဏ်ယူစွာမျှဝေလာခဲ့ပါတယ်။မြန်မာနိုင်ငံရဲ့အနုပညာရှင်တစ်ယောက်ပနေဲ့ ပြည်ပနိုင်ငံမှာခုလိုအောင်မြင်နေတယ်ဆိုတာ တကယ်ကိုမှ ဂုဏ်ယူစရာပါပဲနော်…။

Credit