တစ်ချိန်က နာမည်ကြီး မင်းသား လင်းထင် ရုပ်ရှင်လောကမှ ရုတ်တရက် ပျောက်ကွယ်သွားရတဲ့ အကြောင်းရင်း

တစ်ချိန်က နာမည်ကြီး မင်းသား လင်းထင် ရုပ်ရှင်လောကမှ ရုတ်တရက် ပျောက်ကွယ်သွားရတဲ့ အကြောင်းရင်း

ရှုမဝရုပ်ရှင်ကနေ စင်တင် ပေးလိုက်တဲ့ မင် းသားလင်း ထင်ဟာ မြန်မ ာမင်းသားတွေကြား အင်မတန် ရှားရှားပါးပါး

Method Acting လို့ခေါ်တဲ့ နည်းစနစ်နဲ့ သရုပ်ဆေ ာင်တတ်သူ ဖြစ်တယ်လို့ သိရပါတယ်။

ရှုမဝဦး ကျော် ရဲ့ သင်ကြားမှုနဲ့ Method Acting ကို ပိုင်နိုင်ကြတဲ့ လင်းထင်၊ ဇော်ဝမ်း တို့ တပြိုင်တည် းလိုလို

အောင်မြင်လာခဲ့ကြတာ ဖြစ်ပါတယ် ။ လင်းထင်ရဲ့ ပွဲဦးထွက် “စေလိုရာစေ” မှာ ဇော်ဝမ်းက မင်းသား၊ လင်းထင်က

ဗီလိန် ဖြစ်ပေမယ့်လည်း နောက်ပိုင်း မင်းသားနေရာက သရုပ်ဆောင်တဲ့ ကားတွေမှာလည်း ပြောင်မြောက်တဲ့ သရုပ်ဆောင်မှု တွေနဲ့ ပရိသတ်ကို ဖမ်းစားနိုင်ခဲ့တာ ဖြစ်ပါတယ်။

“ဘယ်ပန်းချီရေးလို့မမီ” ဇာတ်ကာ းကတော့ လင်းထင်ရဲ့ မာစတာပိစ်လို့ ခေါ်ရလောက်တဲ့ ဂန္ထဝင်တွင်လောက်အောင် အကောင်းဇာတ်က ားလို့

ပြောနိုင်ပြီး သူတစ်ယောက်တည်း အောင်ြ မင်ခဲ့တာ တင်မက ဇာတ်လမ်း၊ ဇာတ်ပို့၊ မင်းသမီး အားလုံး

အပြောင်မြောက်ဆုံး သရုပ်ဆောင်ခဲ့ကြပြီး ဇာတ်ဝင်သီချင်းပ ါ ခေတ်အဆ က်ဆက် တင်ကျန် နိုင်ရစ်ပါတယ်။

ရှားပါးတဲ့ Method Actor လင်းထင် နောက်ပိုင်း အထိ ဘာဖြစ်လို့ ပါမလာခဲ့လဲ ဆိုတာကို ကိုဇာဂနာ ပြန်ပြောင်

ပြောတာကတော့ ၈၈ ကာလ နော က် ပိုင်း စစ်အစိုးရ အဆ က်ဆ က်လက် ထက် ရုပ်ရှင်မရိုက်တော့ဖို့ လင်းထင်က သူ့ဆုံးဖြတ်ချက်နဲ့သူ ခိုင်ခိုင် မာမာ ရပ်တည် နေထိုင် သွားတာလို့ ဆိုပါတယ်။

နိုင်ငံတကာရုပ်ရှင် တွေနဲ့ မကွယ်လွန်ခင် အချိန်ထိ အမြဲ ထိတွေ့ ကျွမ်းဝင်ခဲ့ပေမယ့်လည်း ရုပ်ရှင်လောကထဲ ပြန်ဝင်

လာအောင်တော့ တိုက် တွန်းလို့ မရနိုင်ခဲ့ဘူး လို့ ကိုဇာဂနာ ပြောပါတယ် ။ ၁၉၇ဝ-ပြည့်ကျော် နှစ်တွေမှာ မြန်မာ့ရုပ်ရှင်

ပရိသတ်တွေရဲ့ အာရုံ ကို ဖမ်းစား လွှမ်းမိုးခဲ့ တဲ့ သရုပ်ဆောင် မင်းသားတစ်ယောက်ဖြစ်တဲ့ လင်းထင်ဟာ အသက် ( ၇၁ ) နှစ် အရွယ်

၊ မန္တလေး မြို့နေအိမ်မှာ ၂၀၁၈-ခုနှစ်၊ ဖေဖေါ်ဝ ါရီလ ၃-ရက်နေ့၊ ညပိုင်းက ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ် ။

Credit

Zawgyi














