စာရေးဆရာ အကြည်တော် ရဲ့နောက်ဆုံးဈာပနခရီးကို ကိုယ်တိုင်ကိုယ်ကျ လိုက်ပါပို့ဆောင်ခဲ့တဲ့ မင်းသားကြီး ကျော်ရဲအောင်

စာရေးဆရာ အကြည်တော် ရဲ့နောက်ဆုံးဈာပနခရီးကို ကိုယ်တိုင်ကိုယ်ကျ လိုက်ပါပို့ဆောင်ခဲ့တဲ့ မင်းသားကြီး ကျော်ရဲအောင်

ပရိသတ်ကြီးရေ ဟာသစာပေတွေကို အဓိကထားရေးသားတဲ့ နာမည်ကြီးစာရေးဆရာတစ်ဦးဖြစ်တဲ့

အကြည်တော် လို့ ဆိုလို့ရင် မသိသူမရှိလောက်အောင် နာမည်ကြီးလှပါတယ်။

အကြည်တော် ရဲ့ ဝတ္ထုတွေဟာ ထူးခြားကောင်းမွန်းလွန်းတာကြောင့် ရုပ်ရှင်ဇာတ်ကားတွေအဖြစ် ပြန်လည်ရိုက်ကူး ပုံဖော်ခဲ့ကြပါတယ်။

အကြည်တော် ရဲ့ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ ကျောက်သင်ပုန်းတွေမိုးထားတဲ့အိမ် ဆိုတဲ့ စာအုပ်ကို

ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းခဲ့တာ အရမ်းကိုအောင်မြင်ခဲ့ပါတယ်။

ပြေတီဦး ‌၊ ကျော်ရဲအောင်၊ စိုးမြတ်သူဇာ၊သက်မွန်မြင့်၊ထူးခန့်ကျော်၊ခင်လှိုင်၊ချောရတနာ တို့ပါဝင်ပြီးတော့ ပျော်ရွှင်စရာ‌ကားကောင်းလေးတစ်ကားပါပဲ။

ဒီလိုပျော်စရာဇာတ်ကားလေးတွေရဲ့ ဖန်တီးရှင် ပရိသတ်အားလုံးကချစ်ရတဲ့ စာရေးဆရာအကြည်တော် ခေါ်

စောကြည်ဖြူ ဟာ နိုဝင်ဘာလ ၉ ရက်နေ့ ည ၈ နာရီခွဲမှာ ကွယ်လွန်သွားခဲ့ပါတယ်။

အနုပညာကြယ်ပွင့်ကြီး ကြွေလွင့်သွားတဲ့ သတင်းကြောင့် ချစ်တဲ့ပရိသတ်တွေနဲ့ အနုပညာရှင်တွေ

အားလုံးက နှ‌မြောတသစွာ ဝမ်းနည်းကြေကွဲနေကြတာပါ။

အကြည်တော် ရဲ့ နောက်ဆုံးခရီးကို စာပေ၊ဂီတ၊ရုပ်ရှင် အနုပညာရှင်တွေများစွာ လိုက်ပါပို့ဆောင်ပေးခဲ့ပါတယ် ။

မင်းသားကြီး ကျော်ရဲအောင် ဟာလဲ ညီအစ်ကိုသူငယ်ချင်းလို ချစ်ရတဲ့အကြည်တော်ရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ခဲ့ပါတယ်။

” ကိုကြည်နဲ့ပတ်သက်ပြီး အမှတ်တရတွေအများကြီးရှိပါတယ် သူငယ်ချင်းလိုပါပဲ နောက်ဆုံးဆုတောင်းစကားအနေနဲ့

ကောင်းတဲ့လူအတွက် ကောင်းရာမွန်ရာရောက်ဖို့ ဆုတောင်းပေးစရာမလိုပါဘူး ကောင်းရာမွန်ရာ ရောက်မှာပါ”လို့

ကျော်ရဲအောင် ဟာ အင်တ ာဗျူးတစ်ခုမှာ ဖြေထ ားပါတယ်။ပရိသတ်ကြီးရေ တန်ဖိုးရှိတဲ့ အနုပညာကြယ်ပွင့်ကြီး ကြွေ လွင့်သွားတာ အရမ်းကိုနှမြောမိပါတယ် ။

ဆရာအကြည်တော် ကောင်းရာမွ န်ရာ ‌ရောက်ရှိပါစေ

Credit

Zawgyi

စာေရးဆရာ အၾကည္ေတာ္ ရဲ႕ေနာက္ဆုံးဈာပနခရီးကို ကိုယ္တိုင္ကိုယ္က် လိုက္ပါပို႔ေဆာင္ခဲ့တဲ့ မင္းသားႀကီး ေက်ာ္ရဲေအာင္

ပရိသတ္ႀကီးေရ ဟာသစာေပေတြကို အဓိကထားေရးသားတဲ့ နာမည္ႀကီးစာေရးဆရာတစ္ဦးျဖစ္တဲ့

အၾကည္ေတာ္ လို႔ ဆိုလို႔ရင္ မသိသူမရွိေလာက္ေအာင္ နာမည္ႀကီးလွပါတယ္။

အၾကည္ေတာ္ ရဲ႕ ဝတၳဳေတြဟာ ထူးျခားေကာင္းမြန္းလြန္းတာေၾကာင့္ ႐ုပ္ရွင္ဇာတ္ကားေတြအျဖစ္ ျပန္လည္႐ိုက္ကူး ပုံေဖာ္ခဲ့ၾကပါတယ္။

အၾကည္ေတာ္ ရဲ႕ဝတၳဳတစ္ပုဒ္ျဖစ္တဲ့ ေက်ာက္သင္ပုန္းေတြမိုးထားတဲ့အိမ္ ဆိုတဲ့ စာအုပ္ကို

႐ုပ္ရွင္အျဖစ္ ျပန္လည္အသက္သြင္းခဲ့တာ အရမ္းကိုေအာင္ျမင္ခဲ့ပါတယ္။

ေျပတီဦး ‌၊ ေက်ာ္ရဲေအာင္၊ စိုးျမတ္သူဇာ၊သက္မြန္ျမင့္၊ထူးခန႔္ေက်ာ္၊ခင္လႈိင္၊ေခ်ာရတနာ တို႔ပါဝင္ၿပီးေတာ့ ေပ်ာ္႐ႊင္စရာ‌ကားေကာင္းေလးတစ္ကားပါပဲ။

ဒီလိုေပ်ာ္စရာဇာတ္ကားေလးေတြရဲ႕ ဖန္တီးရွင္ ပရိသတ္အားလုံးကခ်စ္ရတဲ့ စာေရးဆရာအၾကည္ေတာ္ ေခၚ

ေစာၾကည္ျဖဴ ဟာ ႏိုဝင္ဘာလ ၉ ရက္ေန႔ ည ၈ နာရီခြဲမွာ ကြယ္လြန္သြားခဲ့ပါတယ္။

အႏုပညာၾကယ္ပြင့္ႀကီး ေႂကြလြင့္သြားတဲ့ သတင္းေၾကာင့္ ခ်စ္တဲ့ပရိသတ္ေတြနဲ႔ အႏုပညာရွင္ေတြ

အားလုံးက ႏွ‌ေျမာတသစြာ ဝမ္းနည္းေၾကကြဲေနၾကတာပါ။

အၾကည္ေတာ္ ရဲ႕ ေနာက္ဆုံးခရီးကို စာေပ၊ဂီတ၊႐ုပ္ရွင္ အႏုပညာရွင္ေတြမ်ားစြာ လိုက္ပါပို႔ေဆာင္ေပးခဲ့ပါတယ္ ။

မင္းသားႀကီး ေက်ာ္ရဲေအာင္ ဟာလဲ ညီအစ္ကိုသူငယ္ခ်င္းလို ခ်စ္ရတဲ့အၾကည္ေတာ္ရဲ႕ ေနာက္ဆုံးခရီးကို လိုက္ပါပို႔ေဆာင္ခဲ့ပါတယ္။

” ကိုၾကည္နဲ႔ပတ္သက္ၿပီး အမွတ္တရေတြအမ်ားႀကီးရွိပါတယ္ သူငယ္ခ်င္းလိုပါပဲ ေနာက္ဆုံးဆုေတာင္းစကားအေနနဲ႔

ေကာင္းတဲ့လူအတြက္ ေကာင္းရာမြန္ရာေရာက္ဖို႔ ဆုေတာင္းေပးစရာမလိုပါဘူး ေကာင္းရာမြန္ရာ ေရာက္မွာပါ”လို႔

ေက်ာ္ရဲေအာင္ ဟာ အင္တ ာဗ်ဴးတစ္ခုမွာ ေျဖထ ားပါတယ္။ပရိသတ္ႀကီးေရ တန္ဖိုးရွိတဲ့ အႏုပညာၾကယ္ပြင့္ႀကီး ေႂကြ လြင့္သြားတာ အရမ္းကိုႏွေျမာမိပါတယ္ ။

ဆရာအၾကည္ေတာ္ ေကာင္းရာမြ န္ရာ ‌ေရာက္ရွိပါေစ