ခိုင်နှင်းဝေရဲ့ ကလေးတွေအတွက် လုပ်အားခချွေးနည်းစာထဲကနေ (၁၀)သိန်းကို လှူဒါန်းပေးခဲ့တဲ့ နှိုင်းယှဉ်မြင့်မိုရ်
ခိုင်နှင်းဝေရဲ့ ကလေးတွေအတွက် လုပ်အားခချွေးနည်းစာထဲကနေ (၁၀)သိန်းကို လှူဒါန်းပေးခဲ့တဲ့ နှိုင်းယှဉ်မြင့်မိုရ်
ပရိသတ်ကြီးရေ နှိုင်းယှဉ်မြင့်မိုရ်ကတော့ လက်ရှိမှာ Live Sale ဘုရင်မတစ်ယောက်လို့တင်စားရလောက်အောင်ကို အောင်မြင်မှုတွေရရှိနေခဲ့တဲ့ သူပဲဖြစ်ပါတယ်။ အလှူအတန်းရက်ရောလှတဲ့ နှိုင်းယှဉ်ကတော့
သူကိုယ်တိုင်လည်း အဆင်ပြေလာတာနဲ့ အမျှ အလှူအတန်းတွေကို ရက်ရောစွာနဲ့ လှူဒါန်းပေးနေခဲ့ပါတယ်။
ဒီနေ့မှာလည်း နှိုင်းယှဉ်ကတော့ ခိုင်နှင်းဝေရဲ့ ရင်သွေးလေးများ ဂေဟာက ကလေးငယ်တွေအတွက် သူတတ်နိုင်သလောက်လှူဒါန်းပေးခဲ့ကြောင်းသိရှိရပါတယ်။ နှိုင်းယှဉ်ကတော့ အခုလို လှူဒါန်းဖြစ်ခဲ့ပုံကို “ဟိုတနေ့ညက နိုနိုင်းလေး‌အိပ်ပျော်သွားလို့
Fb ကြည့်လိုက်မိတဲ့အချိန် မခိုင်နှင်းဝေ နဲ့ ခလေးလေးတွေပုံတက်လာတယ်….မီးပျက်နေတာမို့ အငယ်လေးတွေ နဲ့ အောက်ထပ်ဆင်း နေတယ်လို့ရေးထားလို့ ဝင်ကြည့်မိတော့ ကိုယ်ဘေးမှာ အိပ်ပျော်နေရှာတဲ့ ကိုယ့်သားငယ်လေး
အရွယ်လေးတွေချည်း…သူတို့ဘေးက ဆရာမတွေကို ရီပြနေကြတဲ့ပုံလေးတွေ အပြစ်ကင်းလိုက်တာ….ဘာမှ မသိကြရှာဘူး။ အပူအပင်ကင်းပြီး ချစ်ဖို့ကောင်းလိုက်တာ….ရင်ထဲ မှာအရမ်းလှူချင်စိတ်ဖြစ်မိတယ်….ဒိုက်ဘာ နို့မှုန့်တွေ လိုက်ဝယ်ဖို့
အချိန်မရလို့ ကိုယ်ရဲ့ လုပ်အားခထဲက ငွေဆယ်သိန်း လှုဖို့ အမကိုဆက်သွယ်ထားတယ်….
သူတို့လေးတွေအတွက် တထောင့်တနေရာကနေ ကူတာပါ….ဒီအလုပ်ကို လုပ်နေတဲ့
အမခိုင်နှင်းဝေရဲ့စိတ်ကိုလည်း အရမ်းလေးစားမိတယ်။ခလေးတွေရဲ့မိဘတွေကိုယ်စား ကျေးဇူးလည်းတင်မိတယ်” ဆိုပြီး အခုလို ကလေးတွေကို စောင့်ရှောက်ပေးနေတဲ့ ခိုင်နှင်းဝေကိုလည်း လေးစားမိကြောင်းပါ ရေးသားဖော်ပြထားခဲ့ပါတယ်
ပရိသတ်ကြီးရေ။
Source – Nhying Shin
Chilli – CeleZone
-Zawgyi Font ဖြင့် ဖတ်ရန်-
ပရိသတ်ကြီးရေ။
Source – Nhying Shin
Credit