ကိုဗစ်ရောဂါကူးစက်ခံရသူ အ ယောက်(၃၀) အတွက် ကြက် ပေါင်းနဲ့ ငါးကြင်း ပေါင်းတွေလှူဒါန်းပေးလိုက်တဲ့ ခိုင်သင်းကြည်….

ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသမီးကြီး ခိုင်သင်းကြည်ကတော့ ဒီနေ့မှာ ကိုဗစ်ကူးစက်ခံရ
တဲ့ လူနာတွေအတွက် အာဟာရဒါနအလှူလေး တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ခိုင်သင်းကြည်ကတော့
ကိုဗစ်လူနာတွေအတွက် အားရှိစေမယ့် ကြက်ပေါင်းနဲ့ ငါးကြင်းပေါင်းတွေကို ဒီနေ့မှာ လှူဒါန်းပေးသွား
မှာပဲဖြစ်ပါတယ်။

ပြည်သူအားလုံးအတွက် လှူဒါန်းချင်ပေမဲ့လည်း လောလောဆယ်တော့ မနေ့ကသူ့ရဲ့ Live ထဲမှာကနေ ကိုဗစ်ကူ
းစက်ခံရတဲ့ လူနာ အယောက် (၃၀)ကို ရွေးပြီး သူတတ်နိုင်သလောက် လှူဒါန်းပေးခဲ့တာပါ။ ကြက်ပေါင်းနဲ့ ငါးကြင်း
ပေါင်းတွေ ချက်ပေးတဲ့ သရုပ်ဆောင် အေးသီတာကိုရော လူနာတွေထံလိုက်လံ ပို့ဆောင်ပေးတဲ့သူကိုရော မေတ္တာနဲ့သူ့
ရဲ့အလှူလေးအထမြောက်အောင် ကူညီပေးတဲ့ အတွက် ကျေးဇူးတင်ရှိကြောင်းလည်း ဖော်ပြထားပါသေးတယ်။

ကြက်ပေါင်းနဲ့ ငါးကြင်းပေါင်းလက်ခံရရှိတဲ့ သူတွေလည်း ကိုယ်ခံအားတွေကောင်းလာပြီး ရောဂါအမြန်ဆုံးသက်သာ
ပျောက်ကင်းသွားဖို့ကိုလည်း မခိုင်လေးက ဆုမွန်ကောင်းတွေတောင်းပေးထားပါသေးတယ်။ ပရိ
သတ်ကြီးရေ မခိုင်လေးရဲ့ ကြက်ပေါင်းနဲ့ ငါကြင်းပေါင်းအလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – KHINE THIN KYI

celeupdatenews