ကိုဗစ်ရောဂါကူးစက်ခံ ရပြီး အပြင်ထွက်ရန် ခက်ခဲ နေသူတွေ ကို လိုအပ် တာများ ကူညီ လု ပ် ဆောင်ပေးမယ့် မင်းသွေးခန့်…

လက်ရှိမှာဆိုရင် ကိုဗစ်ရောဂါ ကူးစက် ပျံ့ပွား နှုန်းတွေ မြင့်တက်နေပြီး သေဆုံးသူတွေလည်း တစ်နေ့ထက်တ
စ်နေ့ ပိုများလာပါတယ် ။ အများစုက အိမ်မှာပဲ ကုသနေရတာကြောင့် တစ်အိမ်သားလုံး ကူးစက်မှု
တွေ ဖြစ်ပွားနေတာကိုလည်းတွေ့ရပါတယ် ။ တစ်အိမ်လုံး နေမကောင်းဖြစ်နေတာကြောင့် အပြင်
ထွက်ဖို့ လိုအပ်တာတွေ ဝယ်ယူဖို့ အခက်တွေ့နေ့သူတွေလည်း အများကြီးပါပဲ ။

ဒီလို အခက်အခဲတွေ ရှိနေတဲ့ လူနာအိမ်တွေကို စေတနာရှင် ပြည်သူတွေ ပရဟိတတွေ စုပေါင်းပြီး လိုအပ်
တာတွေ ကူညီပေးလျက်ရှိပါတယ် ။ အခုလည်း မင်းသွေးခန့်က ဒီလိုမျိုး တစ်မိသားစုလုံး ရောဂါပိုးကူးစက်
ခံရလို့ အားကိုးအားထားဆွေမျိုးသားချင်းမရှိတဲ့သူတွေ၊သက်ကြီးရွယ်အိုတွေပဲ ရှိတဲ့နေအိမ်တွေအတွက်ရလူ
ငယ်တယောက် အနေနဲ့ ရန်ကုန်မြို့တွင်း Oxygen ဗူး သယ်ယူပို့ပေးတာရလိုအပ်တဲ့ ပစ္စည်းဆေးဝါးရှာပေး
တာ အိမ်သုံးဝယ်ပေးတာ အစရှိတဲ့ ဝေယျာဝိစ္စလေးတွေ ကူလုပ်ပေးချင်ကြောင်းဝေမျှလာပါတယ် ။

” ဒီအချိန် တစ်မိသားစုလုံး ရောဂါပိုးကူးစက်ခံရလို့ အားကိုးအားထားဆွေမျိုးသားချင်းမရှိတဲ့သူတွေ၊
သက်ကြီးရွယ်အိုတွေပဲ ရှိတဲ့နေအိမ်တွေအတွက် လူငယ်တယောက် အနေနဲ့ ရန်ကုန်မြို့တွင်း Oxygen ဗူး
သယ်ယူပို့ပေးတာ လိုအပ်တဲ့ ပစ္စည်းဆေးဝါးရှာပေးတာ 

အိမ်သုံးဝယ်ပေးတာ အစရှိတဲ့ ဝေယျာဝိစ္စလေးတွေ ကူလုပ်ပေးချင်ပါတယ်။ရငွေကြေးထောက်ပံ့ပေး
ချင်သူတွေအတွက်တော့ ကူညီပေးနေတဲ့ ပရဟိတ အဖွဲ့စည်း တွေ လူပုဂ္ဂိုလ်တွေ နဲ့ တဆင့်ကြိုးစာ
းချိတ်ဆက်ပေးပါ့မယ်။ တချို့ အဖေနဲ့သား၊ သက်ကြီး လင်မယားတွေ အိမ်ထဲမှာတင် လူမသိသူမသိ
ဆုံးပါးသွားတာတွေမြင်တွေ့နေရတော့

တစ်ကယ်ကို စိတ်မကောင်းလို့ပါ။ ကျနော်တို့လို မဖျားမနာပဲ ကိုယ်ခံအားကောင်းတဲ့ လူငယ်တွေလဲ ကိုယ်
တိုင်နဲ့ကိုယ့်မိသားစုဘာမှမဖြစ်သေးရင်တောင် သတင်းဆိုးတွေ တက်လာတာထိုင်ကြည့်ပြီးလောင်နေမယ့်
အစား ကိုယ့်ပတ်ဝန်းကျင်က အခက်ခဲဖြစ်နေတဲ့လူတွေအတွက်ရအချိန်မှီ တတ်နိုင်တဲ့ အပိုင်းကနေ တစ်တက်
တစ်အားပါဝင်ကူညီပေးကြဖို့ တိုက်တွန်းပါတယ်ဗျ ကိုယ်မဖြစ်သေးလို့ ကိုယ်နဲ့မဆိုင်သလို နေနေပေမယ့် ကိုယ့်
အလှည့်ဆိုတာ ဘယ်ချိန်မဆိုဖြစ်လာနိုင်တာမို့ဒီအခိုက်တန့်ဆိုးကြီးကို အပြန်လှန်ဖေးမရင်း ကျော်ဖြတ်ကြ
မယ်နော်။ ကျနော်တို့မှာ ကျနော်တို့ပဲရှိပါတော့တယ် ” ရေးသားဖော်ပြထားရာ လေးစားမိတာကြောင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Min Thway Khant

celeupdatenews